မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, January 23, 2017

ပျက် နဲ့ ပြက်

ပျက် ပြတ် ပြက်

၁။ ဆရာ အမတယောက် အသက် ၄၀။ ကိုယ်ဝန်ရတာ ဒါနဲ့ဆို ၄ ခါရှိပါပြီ။ ၃ လ၊ ၄ လဆိုတာနဲ့ ပြတ်ပြတ်ကျနေတယ်ပါတယ်။ ဘာဆေးစားရပါသလဲး ဆရာ။

ပျက်လို့ရေးရတယ်။ သလဲမှာ (း) မလိုပါ။

၂။ ဆရာ သမီးက အသက် ၂၀ ပါ။ အိမ်ထောင်သက် ၁ နှစ်နဲ့ ၇ လပါ။ ကလေးကမရသေးဘူးရှင်။ ပထမကိုဝန် ၄၉ ရက်နဲ့ ပြက်ကြဖူးပါတယ်ရှင်။ သောက်ဆေးရှိရင် ညွန်းပေပါဆရာ။

ကိုယ်ဝန်လို့သာ ရေးရတယ်။ ပျက်ကျလို့သာ ရေးရတယ်။

ပျက်
ကိုယ်ဝန်ပျက်ကျ။
စည်းကမ်းပျက်။
စိတ်ပျက်လက်ပျက်။
တရားပျက်။
ပျက္ခဒိန် (အသုံးဟောင်း)။
ပျက်စီးဆုံးပါး။
မပျက်မကွက်။
လူပျက် (ပျက်စီးနေသောသူ)။
ဝမ်းပျက်။
အစားပျက်။
အကြံအစည်ပျက်။
အဖြစ်အပျက်။
အနေအထိုင်ပျက်။
ပေါ့ပျက်ပျက်။
သွေးပျက်
အသွားအလာပျက်

ပြတ်
စာပေတည်းပြတ်သည်၊ တည်းဖြဋ်သည် (နောက်သုံး = တည်းဖြတ်သည်)
တိကျပြတ်သားသည်
ပုတ်ပြတ်အလုပ်
ကြိုးပြတ်သည်
ပြတ်ကင်းသည်
ပြတ်သောဓါး
ရိက္ခာပြတ်သည်
အစဉ်မပြတ်
အပြတ်အသတ်နိုင်သည်
ဆွေပြတ်မျိုးပြတ်
နွားသိုးကြိုးပြတ်

ပြက်
ထုပြက်အလျားအနံ။
ပြက်ပြက်ထင်ထင် (ထင်ထင်ရှားရှား)။
ပြက်ရယ်ကျီစယ်။
ပြက်ရယ်ပြုသည်။
ပြက်လုံးထုတ်။
ပြက်ချော်ချော်။
ပြိုးပြိုးပြက်ပြက်။
လက်ဝါးပြက်။
လျှပ်စစ်ပြက်။
လူပြက် (လူရွှင်တော်)။
သပြက်ပင်။

လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက်ရောင်ခြည်မျှင်၊ ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်။ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖေါ်ပြ အာကာဝေဟင်၊ ဘယ် ရှေးဝဋ်ကြွေးတုံ့တင် ချေပြီ ထင်ခဲ့ ခိုမီရာမဲ့ ရှုလှဲ့မြင်လှဲ့စေခင် ချစ်တဲ့သူရဲ့ရင်ခွင် တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင် ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင် အော့့် မိုးသက်လေနှင့့်
https://www.youtube.com/watch?v=MjCh6a67KqI

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.