ခေတ်ဟောင်းက မောင်ရေခဲ

သူငယ်တန်းမှာသင်တဲ့ စာလေးတွေတင်တော့ ငယ်ဘဝကိုသတိရသူတွေက ရေးလာကြတယ်။ ကိုယ့်အရွယ်နဲ့ကိုယ် ရေးကြတာပါ။ က ကစွန်းပင်ကခေတ်က အကြီးဆုံး။ က ကညစ်နဲ့ က ကလေးငယ်တွေက နောက်ကျတယ်။ မရွှေဖဲ ဘုရားပွဲသွားတော့ ကျွန်တော်တို့က ကျောင်းသားကြီးတွေဖြစ်ကုန်ကြပြီ။

ပုဂံသားတွေက မြစေတီကျောက်စာထဲကလိုသာ ရေးတတ်ကြတယ်။ အင်းဝခေတ်က ပိုသာတယ်။ ကုန်းဘောင်ခေတ်မှာ ခေတ်မီလာပြီ။ လွတ်လပ်ရေးရတော့ ခေတ်ဆန်လာပြီ။ နောက်ခေတ်မှာ ကြီးပြင်းသူတွေကလည်း သူတို့ခေတ်ကဟာကိုပဲ အမှန်ဆုံးလို့ မှတ်ထင်ကြတယ်။ ပေလေးပင်ရှင်လေးပါးအသာထား၊ သူတို့ခေတ်က စာရေးဆရာများရေးတာသာ ဖတ်ရတယ်။ သခင်ကိုယ်တော်မှိုင်းထက် နောက်ပေါ်ကဗျာဆရာတွေရေးတာကသာ မှန်တယ်ထင်ကြတယ်။ နတ်ရှင်နောင်ရေးတာထက် နောက်ပေါ်သီချင်းတွေသာ နားထောင်ကြတော့တယ်။

ကျွန်တော်တော့ ကစွန်းပင်နဲ့သာ အသက်ရှင်ခဲ့တာမို့ နှစ်ငါးဆယ်ပိုခေတ်မီသူတွေကို မယှဉ်သာ့

ခေတ်ဟောင်းက မောင်ရေခဲ

• နှစ်ငါးဆယ်မှာ ဘာမြင်ခဲ့လဲ မောင်ရေခဲ
• အများသူငါ စုံလို့ဗျာ
• ဘာမြင်သေးလဲ မောင်ရေခဲ
• အပျိုအအို မြင်သဗျို
• ဘာလုပ်သေးလဲ မောင်ရေခဲ
• ကမ္ဘာတပတ် ခရီးထပ်
• ဘယ်သွားသေးလဲ မောင်ရေခဲ
• နိုင်ငံခြားကို သွားသေးဆို
• ဘာစားခဲ့လဲ မောင်ရေခဲ
• ကန်စွန်းရွက်ပြုတ် မုံ့ဖက်ထုပ်
• ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
• ညဥ့်နက်သန်ကောင် မနေပေါင်။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး