ရင် လျင် လျဉ် လျည် လျင်း လျဉ်း လျှင် လျက် လျှက် ယင်

၁။ ရင်နှင့် လျှင် အသုံးလည်း သိချင်ပါတယ်ဆရာ။ သူနဲ့သာဆိုရင်၊ သူနှင့်သာဆိုလျှင်မှာ ဘယ်လိုရေးတာ အမှန်ဆုံးလဲ ဆရာ။

၂။ အမျက်တော်ရှယင်ကို အမျက်တော်ရှရင်လို့ပဲ သင်ခဲ့ရဖူးပါတယ်

၃။ ယင် သမီးတို့က ရကောက်လို့အမှန်ထင်နေတာပါဆရာ ဘယ်ဟာအမှန်လဲ ဆရာ

၎။ ဆရာ အားယင်ရှင်းပြပေးပါ။ လေးစားလျှက်။

အားယင် မဟုတ်။ အားရင်ဖြစ်။ အမှန်က အားရင်ဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ အားလျှင်လို့ ရေးရတယ်။ ယင်လို့ရေးတော့ ယင်ကောင်လို့ထင်စေနိုင်တယ်။

ရင်
ကရင်လူမျိုး
ထဘီရင်ရှားဝတ်ထားသည်၊
ဘုရားရင်ပြင်တော်၊
ရင်ကမ်းပန်း၊
ရင်ကွဲစရပ်
ရင်ကွဲမြှုံး
ရင်ကျပ်ရောဂါ
ရင်ခတ်ပန်း
ရင်ခွင်ပိုက်
ရင်ခုန်သံ၊
ရင်ချင်းဆိုင်
ရင်စည်းပဝါ
ရင်စို့ (နေရာ)
ရင်တုန်နေသလား၊
ရင်ထုမနာ
ရင်ပတ်စည်တီး
ရင္ဖံုးအက်ႌ
ရင်ကြားစေ့
ရင်ဘတ်
ရင်ဘတ်စည်တီး၊
ရင်ပြင်တော်
ရင်သပ်ရှုမော
ရင်သပ်အံ့သြ
ရင်သား
ရင်အုံ
ရင်အုပ်၊ ရင်အုပ်မကွာ
ရင်ချောင်ဆေး၊
ရင်စေ့အင်္ကျီ
ရင်ပေါင်တန်း
ရှင်ဘုရင်
ကျောင်းရင်ပြင်
စေတီရင်ပြင်

လျင်
ငလျင်တော်လည်း။
လျင်မြန်၊
လျင်လျား (ရင်ရှားသံထွက်)။
သံလျင်မြို့။
အလျင် (အရင်သံထွက်) နှစ်က။
အလျင်စလို။
အလျင်လို လမ်းအိုလိုက်။
အလျင်အမြန်
အလျင်အဦး
အလျင်နှစ်
ကောက်လျင်
ဆောလျင်စွာ။
မြေငလျင်။

လျဉ်
ဆံလျဉ်ချတားသည်။
အလျဉ်မပြတ်၊

လျည်
ရေလျည်စမ်း။
ရောလျဉ်ကြော (ရေယဉ်ကြောသံထွက်)၊

လျင်း
အလျင်းမစဉ်းစား။
အလျင်းအလိုမရှိ၊

လျဉ်း
စပ်လျဉ်း၍။
အလျဉ်းသင့်သည်၊

လျှင်
ဆိုလျှင် (ရင်သံထွက်)
တလလျှင်၊
လာလျှင်၊
သွားလျှင်၊
သူလာလျှင်တွေ့မည်
ပြောလျှင်၊

လျက်
ပွဲလျက် (ပွဲညှက်သံထွက်)။
ကြံစည်လျက်။
မင်းကောင်းပါလျက် မင်းမြောင်ဖျက်။
ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်။
လျှာနှင့်လျက်သည်။
လျက်ဆား။
 သွားလာလျက်။
ပြောဆိုလျက်။

လျှက်
မုံ့တလျှက် (တယှက်သံထွက်)။
ရောင်ဖြူ ပြိုးပြက် ဓါးသန်လျှက်သည် ထိလျက် ရှတိုင်း မှန်သည်သာ။

ယင်
ကယုကယင်
တန်းဆာဆင်ယင်
တုန်တုန်ယင်ယင်
တုယင်မှန်ကင်း
ယင်ပျားကောင်
ယင်မမဲရိုင်း
ယင်ရဲ
ယင်ကောင်
ယင်ချေးဥ
ယင်ပေါင်ငှက်
ယင်ပေါင်စာငါး
ရက်ကန်းယင်သွား
ယောင်ယင်ငှက်
ရေယင်မျှော်ရွာ

စကားအရာမှာတော့ အရင်၊ ယခင်ကိုသုံးကြတယ်။ အရင်တုန်းက၊ ဟိုအရင်က၊ ကိုအံ့ကြီးဆိုတဲ့သီချင်းမှာ အရင် ဟိုနှစ်တုန်းကပေါ့ဗျာ အောင်ပွဲတွင့့်

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး