Burmese doctor မြန်မာစာ ဆရာဝန်အတွက် ပိုအရေးကြီး

စာအရေးအသားနဲ့ သတ်ပုံအကြောင်းရေးရေးနေတာက မြန်မာစာသင်ပေးနေတာ မဟုတ်ပါ။ ကျွန်တော်က အဲလောက်ထိ မတတ်ပါ။ နိုင်ငံရေးအရ သတ်ပုံပြင်ထားတာကိုတော့ ထောက်ပြပါတယ်။ အထောက်အထားတွေလည်း ပေးနေတာ တရာ (တစ်ရာ မဟုတ်) ကျော်လောက်ပါပြီ။ အဲတာလည်း အာဏာပိုင်တွေလို အမိန်နဲ့မပြင်ခိုင်းပါ။ ယူချင်သူတွေသာ ယူကြပါ။ မှားနေတဲ့သတ်ပုံနဲ့မေးတာကို ပို့စ်မှာသုံးရင်တော့ ပြင်ပါမယ်။ ဆောရီး။

မေးတာတွေဖြေနေရသူဖြစ်လို့ မေးခွန်းမှာ မရှင်းလင်းတာပါရင် ဖြေရတာခက်တယ်။ အမှားမခံပါ။ ကနေ့မနက် ကလေးကို ခလေးလို့ရေးသူနဲ့ မိန်းကလေးကို မိန်းခလေးလို့ရေးသူတွေလည်းပါတယ်။ အခုပဲရောက်လာတာကို နမူနာပေးပါမယ်။

• ဆရာရှင့် ကျွန်မမှာကလေးတစ်ယောက်ရှိပါတယ်အသက်က၂၄နှစ်ပါ အတူတူနေပြီးတိုင်း ဆီးစပ်က အောင့်အောင့်နေပါတယ် သားအိမ်အောင့်တယ်ထင်ရပါတယ် အဲဒါဘာဖြစ်တာပါလဲဆရာ ဘာဆေးသောက်ရမလဲဆရာ

• ရာသီ မသိ။ တားဆေး မသိ။ အဖြူဆင်းပါသလား။ သားအိမ်နေရာ အာလ်ထွာဆောင်းရိုက်ပါသလား။

• ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးဘို့ မေးနည်းစည်းကမ်းမှာပါထားပါတယ်။ အခုမေးခွန်းကို ဖတ်ကြည့်ရင် (ကျွန်မမှာကလေးတစ်ယောက်ရှိပါတယ်အသက်က၂၄နှစ်ပါ) ကလေးအသက်က ၂၄ နှစ်လို့ ထင်စရာ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ စည်းကမ်းရှိကြပါစေ။ မြန်မာစာရေးတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး