Embarrassed အားနာတယ်

ဒီရက်တွေမှာ ကျွန်တော့်အသံကို နေ့တိုင်းလိုလို ရေဒီယိုတွေကကြားနေရလို့ တောင်းပန်ပါတယ်။

အဲလိုအခြေအနေတခုမှာ အနေရခက်တာကို အင်္ဂလိပ်လိုတော့ Embarrassed လို့ခေါ်တယ်။ ရှက်ကြောက်ကြောက် ဖြစ်နေတယ် စသဖြင့် အဓိပ္ပါယ်ရပါတယ်။

မြန်မာစကားထဲက အားနာတယ်ဆိုတာနဲ့ အနီးစပ်ဆုံး အင်္ဂလိပ်စာလုံး လိုက်ရှာနေတာ ခုထိတော့ ဆီလျှော်တာ မတွေ့သေးပါ။ ကျွန်တော်က အဲဒီစာလုံးကို ရွေးချင်နေမိတယ်။ အမြဲတော့ အဲဒီစကားလုံးကို အားနာတယ်လို့ သုံးမရပါ။ ကျွန်တော့်အဖြစ်ကတော့ တူတယ်။ သူများကို နှောင့်ယှက်မိလို့ တောင်းပန်တဲ့သဘောလည်းပါတယ်။

ကြော်ငြာဝင်အုန်းမယ်။ နက်ဖြန်မနက်ထ (အဲဒီမှာ ည) ဘီဘီစီကခေါ်ထားတယ်။ အခုပဲ တခုပြောရသေးတယ်။ အားနာတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး