Fluoroquinolones Are Too Risky for Common Infections

ဖလူရိုကွီနိုလင်းဆေး သတိထားပေး

၁၆-၅-၂ဝ၁၆ နေ့မှာ FDA ကနေအကြံပေးချက်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဘေးထွက်သက်ရောက်မှုတွေကြောင့်ဖြစ်တယ်။

Cipro နဲ့ Levaquin စတဲ့အမည်တွေနဲ့ရောင်းတဲ့ ပဋိဇီဝဆေးခေါ် ဗက်တီးရီးယားတွေနိုင်တဲ့ဆေးပါ။ အသုံး အလွန်များပါတယ်။ Bronchitis လေပြွန်ရောင်တာ၊ Sinus infections ဆိုင်းနပ်စ်နဲ့ Urinary tract infections ဆီးလမ်း ပိုးဝင်တာတွေကိုပေးတယ်။ ဆေးကတော့ ထိရောက်ပါတယ်။

ဒါပေမယ့် Tendons အရွတ်ချောင်းတွေ၊ Muscles ကြွက်သားတွေ၊ Joints အဆစ်တွေ၊ Nerves အာရုံကြောနဲ့ Central nervous system ဗဟိုအာရုံကြောစနစ်ကိုသက်ရောက်ထိခိုက်စေနိုင်တယ်လို့ထပ်သိလာလို့ သတိပေးတာဖြစ်ပါတယ်။

Sinus infections ဆိုင်းနပ်စ်ဆိုတာ အများဆုံးက ဗိုင်းရပ်စ်ပိုးကနေဖြစ်စေလို့ ဗက်တီးယားဆေး မလိုပါ။ လိုအပ်ရင်တော့ Amoxicillin ဆေးပေးနိုင်တယ်။

Urinary tract infections (UTIs) ဆီးလမ်းပိုးဝင်တာဆိုရင် တခြားပိုးသေဆေးတွေနဲ့ မရမှသာ Fluoroquinolones ဆေးမျိုးသုံးပါ။ ကျောက်ကပ်ထိရင်တော့သုံးပါ။

Bronchitis လေပြွန်ရောင်တာလည်း ဗိုင်းရပ်စ်ကနေဆို ပိုးသေဆေးမလိုအပ်ပါ။  Chronic obstructive pulmonary disease (COPD) ခေါ်တာဆိုရင်တော့ ပေးရပါမယ်။

သတိပေးတဲ့ ပိုးသေဆေး (၅) မျိုးရှိတယ်။ ciprofloxacin (Cipro), levofloxacin (Levaquin), moxifloxacin (Avelox), ofloxacin (Floxin) နဲ့ gemifloxacin (Factive) တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး