Healthy Habits ကျန်းမာရေးယဉ်ကျေးမှု

Shwe Thit Sar ချောင်းဆိုးရင် တတောင်ဆစ်ကွေးထဲမှာဆိုးပါဆိုတာ ဘာဖြစ်လို့ပါလဲ ဆရာ။

သူများဆီကို ချောင်းဆိုးလို့ထွက်တာတွေ မရောက်စေနိုင်ပါ။ ကိုယ့်လက်မှာလည်း ပေပွတာမဖြစ်စေနိုင်ပါ။

Cough or Sneeze Into Your Elbow ချောင်းဆိုတာ၊ နှာချေတာ မိမိတံတောင်ဆစ်ထဲမှာသာပြုလုပ်ပါဆိုတာ ကျန်းမာရေး ယဉ်ကျေးမှု အကြံပြုချက်ဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေ တခြားဆီမပြန့်စေဘို့ဖြစ်တယ်။

ပါးစပ်ကိုကိုယ့်လက်နဲ့အုပ်ပြီးလုပ်နည်းကို အားမပေးတော့ပါ။ ပိုးတွေကိုယ့်လက်ထဲရောက်မယ်။ လက်နဲ့ ထိကိုင်တာ အားလုံးကို ကူးစက်မယ် လက်ဆွဲနှုတ်ဆက်မယ်၊ ပွေ့ဖက်မယ်။ စားစရာ၊ သုံးစွဲစရာ၊ ကစားစရာ၊ ဖတ်စရာတွေ ကိုင်တွယ်မယ်။ အဲတာတွေကို သူများတွေကလည်း စားမယ်၊ သုံးမယ်၊ ကစားမယ်၊ ဖတ်မယ်၊ ကိုင်မယ်။ ကူးမယ်။

ကူးစက်ရောဂါအများစုဟာ အသက်ရှူလမ်းကနေဝင်တယ်။ ထွက်တာကလည်းအဲဒီလမ်းကနေ ချောင်းဆိုးတာနဲ့ နှာချေတာကနေထွက်တယ်။ အများဆုံးကူးစက်တဲ့ပိုးမွှားတွေက အအေးမိနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေဖြစ်တယ်။ တယောက်တည်းသုံးတဲ့ တစ်ရှူးနဲ့ လက်ကိုင်ပုဝါတွေလည်း ဆက်သုံးနိုင်ပါတယ်။ စွန့်ပစ်တာနဲ့ ဖွတ်လျှော်တာ သတိထားသင့်တယ်။

Sneeze into your sleeve ကိုယ့်အင်္ကျီလက်မှာ နှာချေပါလို့လည်း အကြံပေးပါတယ်။

ဒေါက်တာတင့်ဆွေ

Lysol ပိုးသတ်ဆေးရည် ကြော်ငြာသစ်ပါ

အခုရာသီမှာ အဖြစ်များတဲ့ (ဖလူး) နဲ့ (ကိုးလ်) ခေါ် တုပ်ကွေးနဲ့ အအေးမိစေတဲ့ဗိုင်းရပ်တွေကို ၉၉့၉% ရှင်းပေးမယ်လို့ ဆိုပါတယ်။

အဲဒီဗိုင်းရပ်စ် ဘယ်ကနေကူးလာသလဲ။ လက်နဲ့ထိကိုင်မိတဲ့အရာအားလုံးကနေဖြစ်တယ်။ ရေပိုက်ခေါင်းဖွင့်-ပိတ်တာ၊ တံခါးအဖွင့်-အပိတ်လုပ်တာ၊ မီးခလုတ် စတာတွေကနေ သူများဆီကပိုးတွေ ကိုယ့်လက်မှာကပ်ပါမယ်။ အဲဒီနေရာတိုင်းကို Lysol လိုက်ဇောဆေးရည် ဖြန်းထားပါလို့ဆိုပါတယ်။

ထပ်ဖြည့်သတိပေးပါတယ်။ လက်ကို မကြာခဏဆေးပါ။ ချောင်းဆိုးရင် တံတောင်ဆစ်ကွေးထဲမှာဆိုးပါ။ တခါသုံးပစ္စည်းတွေ တတ်နိုင်သလောက်သုံးပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး