HIV Update

သတင်း = မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် HIV ရောဂါကူးစက်သူ လူငယ်တွေ မနှစ်ကထက် ပိုမိုများပြား

၂ဝ၁၅ ကမ္ဘာ့ HIV ကိန်းဂဏန်း
• HIV ဟာ ကမ္ဘာ့ပြဿနာကြီးဖြစ်တယ်။
• လူဦးရေအားလုံးရဲ့ ဝ့၈% မှာ HIV ရှိနေတယ်။
• ဆာဟာရအောက်ပိုင်းဒေသမှာ ၂၅့၅ သန်းရှိတယ်။
• ၂ဝ၁၅ တုန်းက ၃၆့၇ သန်းဟာ HIV နဲ့နေထိုင်နေကြရတယ်။
• ကလေးပေါင်း ၁့၈ သန်းပါဝင်တယ်။
• AIDS နဲ့ဆက်စပ်ပြီး ၁့၁ သန်း သေဆုံးခဲ့ကြရတယ်။
• ကပ်ရောဂါစတကည်းက လူပေါင်း ၇၈ သန်းကူးစက်ခံရပြီးပြီ။ ၃၅ သန်း သေဆုံးခဲ့ရပြီးပြီ။
• ၂ဝ၁၅ မှာ လူနာသစ် ၂့၁ သန်းတိုးလာခဲ့တယ်။ ကလေးပေါင်း တသိန်းခွဲပါတယ်။
• ၂ဝ၁ဝ နောက်ပိုင်း လူကြီးတွေကူးစက်မှု ၆% နှေးတော့ရှိပါတယ်။ ဆေးကုသမှုလည်း တိုးလာတယ်။
• လူပေါင်း ၁၇ သန်းထဲက ၁၅့၈ သန်းက ART ဆေးသောက်နေကြတယ်။ အဲတာဟာ လူကြီး ၄၆% နဲ့ ကလေး ၄၉% သာဖြစ်တယ်။ ပိုးရှိနေတဲ့ကိုယ်ဝန်ဆောင် ၇၇% က ART ဆေးရနေကြတယ်။
• ၂ဝဝ၅ တုန်းက သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး အခုတော့ ၄၅% ကျဆင်းလာတယ်။
• US$ 19 billion ရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်။ ၅၇% ကို ကိုယ့်တိုင်းပြည်ကနေသာ စိုက်ထုတ်သုံးစွဲတယ်။
• ခန့်မှန်းချေ ၄ဝ% လောက် HIV ရှိနေမှန်းမသိကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး