Love From Far Away မတတ်သာ ခပ်ခွါခွါထက်ဝေး

(နှစ်နှစ်တိတိက ရေးတဲ့စာ)

အချိန်တော်တော်များများမှာ မြန်မာပြည် အထက်အညာဆီသာရောက်နေတယ်။

အတိတ်ကာလနဲ့ နေရာဟောင်းတွေမှာ လျှောက်လည်နေခဲ့တယ်။ တဲအိုတဲဟောင်းတွေ၊ နေမကောင်းကြသူတွေ၊ လမ်းဟောင်းလမ်းပျက်တွေ၊ စားရေးနေရေး ခက်ကြသူတွေ၊ နေပူထဲလျှောက်၊ မိုးထဲလျှောက်နေကြသူတွေ၊ ကောင်းမလာသေးပေမဲ့ စိတ်ကောင်းမွေးကြသူတွေ့

စာရေးနေရင်းမှာ ဗိုလ်လိုပြောသံတွေကြားတော့မှ အင့်း့ငါ့မှာ တတ်နိုင်ဘို့နေနေသာသာ၊ ပိုဝေးတဲ့နေရာမှာ ရောက်နေပါလားလို့ ဆင်ခြင်မိပါတော့တယ်။ အိန္ဒိယမှာနေစဉ်ကတော့ နိုငံရေးထဲမှာ ပါခဲ့လုပ်ခဲ့နိုင်သေးတယ်။ ဒီနေရာမှာတော့ တိုင်းပြည်နဲ့ရော နိုင်ငံရေးနဲ့ပါ ပိုဝေးသွားပြီ။

ကောင်းမလာသေးပေမဲ့ စိတ်ကောင်းမွေးကြသူတွေကိုသာ အားကိုးကြရမယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး