Sacred Words ဆု

အညာရပ်ကျေး ကလေးမြို့နဲ့ မန္တလေးက လာနေကြတဲ့မိသားစု ကန်တော့လာတယ်။ ထုံးစံအတိုင်း အန်တီက ဆုပေးပါတယ်။ သူတို့က ဒုက္ခသည်စာရင်းမပေါက်၊ ဗီဇာပေါက်လို့ ရောက်နေကြတာ။ ဒုက္ခတော့ရောက်ကြတာပါပဲ။ အားခဲကြရတယ်။

ဒီမှာက အဲလိုမိသားစုတွေကနည်းနည်း၊ ကျွန်တော်လို နိုင်ငံရေးမိသားစုတွေကနည်းနည်း၊ ဟေဗင်ဆိုပြီး ရောက်အောင် လာသူတွေကတော့ အလွန့်အလွန် များတယ်။ ဘာနဲ့လာလာ လုပ်ကိုင်၊ နေထိုင်၊ ရုန်းကန်ကြရတာတော့ အတူတူပါ။ လူ့ဘုံခန်းဝါ သူများပြည်ရွာမှာ ဝမ်းစာနေရေး အချိန်ပေးကြရလို့ လူမှုရေးကနည်းပါး၊ ဘာသာရေးကရှားရှား၊ ကျန်းမာရေးမှာ ကြားညှပ်သာပါနိုင်ကြတယ်။ ဗမာဆရာဝန်မှာ လေမန်းသာတတ်နိုင်တယ်။ အဲတာက ကျွန်တော်ပေးတတ်တဲ့ဆု။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး