Self-seeking အမျိုးကိုချစ်တယ်ဆိုတာ

(မနှစ်က ဒီနေ့မှာ ရေးခဲ့တာ)

ပြည်ခိုင်ဖြိုးဝန်ကြီးတယောက်က သူကလည်းမွန်၊ သူယူထားတာလည်းမွန်၊ သားသမီးတွေလည်းမွန်လို့ မဲဆွယ်သတဲ့။

ကျွန်တော်ကတော့ ဗမာ၊ အသက် ၄ဝ ကျော်ကတည်းက အိန္ဒိယမှာ ၂၄ နှစ်သွားနေရတယ်။ အခုခါ တခြားနိုင်ငံမှာ နေရတယ်။

ဗမာဆိုတဲ့ကျွန်တော်ကနေ ချင်း၊ ကူကီး၊ ကချင်၊ နာဂ၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း စတဲ့လူမျိုးစုံ လူနာတွေကိုလည်း ကြည့်ပေးခဲ့ရတယ်။ လူမျိုးစုံ ကိုယ်ဝန်ဆောင်တွေကိုလည်း မြန်မာပြည်မှာမဟုတ်ပါ၊ နယူးဒေလီမှာ မွေးပေးခဲ့ရတယ်။
ကျွန်တော် အမျိုးမစစ်ဘူးလားဗျာ။

ကျွန်တော့် တိုင်းရင်းသားလူနာတွေဟာလည်း မြန်မာပြည်မှာ မနေနိုင်ကြပါ။ သူတို့ကရော အမျိုးမချစ်ဘူးလားဗျာ။

ပြောစရာမှန်လို့ ပြောရပေမယ့် တချို့တွေက အဲဒီဝန်ကြီးလိုပြောတာကို အတော်သဘောကျတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး