The Rain မိုး

မြန်မာပြည် တချို့နေရာတွေမှာ မိုးတွေရွာနေသတဲ့။ သည်းလည်းသည်းသတဲ့။

မိုးတောင်က၊ ပွေးပေါင်ကလို့ရှိတာက မှန်တယ်။ မိုးစနေ၊ လေရာဟုနဲ့ လေနာရောဂါကတော့ မဆိုင်ပါ။

နိုင်ငံရေးမှာ မိုးရွာတုန်းရေခံနဲ့ ပွဲလန့်တုန်းဖျာခင်းက ပြောင်းပြန်။ မိုးကောင်းတုန်း ရွာထားနှင့်ဦးပေါ့ကွာရွတ်ခဲ့ရတာ အနှစ်နှစ်ဆယ်ကျော် ကြာတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာက လိင်မခွဲခြားပါ။ မိုးထိအောင် လှေကားထောင်လို့ သိပေမယ့် ကိုယ့်ရှိတဲ့လှေကားက ခါးလောက်သာ။

လုပ်​စား​တော့ မိုး​ခေါင်၊ ခိုးစား​တော့ ​ခွေး​ဟောင်​။ ​ပြော​တော့မိုး၊ ထိုး​တော့​မြေကြီး။ (မောင်စွမ်းရည်မှ ဖြည့်စွက်ပေးပါတယ်။)

ဟုတ္တိပတ္တိ ရွာမလို၊
မိုးတောင်ကညို။
မရွာလို မိုးညို ပြန့်တယ်၊
ကောင်းကင်အနှံ့။ (မင်းသုဝဏ်)

ပုံ = ၃ဝ-၆-၂ဝ၁၇ နေ့က ကျွန်တော်နေတဲ့အရပ်မှာ မိုးတွေရွာတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး