The Three Musketeers သရီး မာစကက်တီးယား

ဆေးကျောင်းတက်ဖက် သူငယ်ချင်းတယောက်ကနေ ဖေါင်ကြီးသင်တန်းကို အတူတက်ကြတဲ့ဆရာဝန်ဖြစ်စ သုံးယောက်ပုံကိုတင်ပြီး Three Musketeers လို့ရေးတယ်။ ကျွန်တော်လည်း လူသုံးယောက်တွေ့ရင် သရီး မာစက်တီးယားဖြစ်ဖြစ်။ သုံးယောက်ပေါင်းလောင်းကျော်ဖြစ်ဖြစ် ပြောမိတယ်။

သရီး မာစကက်တီးယားခေါ် သေနတ်သမားသုံးယောက်ဝတ္ထုကို မြန်မာဘာသာပြန်တာ ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။ ရုပ်ရှင်လည်းကြည့်ရတယ်။ သုံးယောက်ပေါင်းလောင်းကျော်ကလည်း မြန်မာရုပ်ရှင်ပဲ။

သရီး မာစကက်တီးယားထဲက ဇာတ်လိုက်နာမည်တွေက အဆန်းတွေ။ ပြင်သစ်နာမည်တွေမို့ပါ။ စိတ်ထဲမှာ စွဲနေတာတခုပဲ ကျန်တယ်။ ဒါးတညံ့။ တခြားသူငယ်ချင်းကနေ ထပ်ဖြည့်ပေးလို့ ပေါသိုး နဲ့ အားသိုး တို့ကိုအမှတ်ရတော့တယ်။

Athos အားသိုး၊ Porthos ပေါသိုးနဲ့ Aramis အာရာမီတို့က သေနတ်သမားသုံးယောက်။ D'Artagnan ဓါးတညံ့ ကတော့ တောကနေ ပဲရစ်မြို့ကြီးတက်လာသူ။ ဝတ္ထုကို နာမည်ကြီးစာရေးဆရာ Alexandre Dumas အလက်ဇန်းဒါး ဒူးမားက ၁၇ ရာစုဇာတ်လမ်းရေးတာပါ။

ဖေါင်ကြီးသင်တန်းမှာ အကောင်းဆုံးသင်တန်းသားကို ငွေဓါးဆုပေးတယ်။ ကျွန်တော်တို့ ၂ဝ ရာစုထဲက ဆရာဝန်တွေကတော့ ဓါးတညံ့တွေချည်းပဲ။ အဲ့ ခွဲစိတ်ဓါးတော့ လက်ကချမထားချင်ပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆
ဓါတ်ပုံ = ၁၉၇၅ ဇေယျ ၂ဝ က မျိုးဝင်း၊ ကြံအောင်နဲ့ ဇော်မင်း။ ၁၉၇၄ ဇေယျ ၁၉ က သက်တင်၊ တင့်ဆွေနဲ့ ကံလှိုင်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး