Well-guarded ဘာကိုစောင့်ကြတာလဲ

(မနှစ်က ဒီနေ့မှာ ရေးခဲ့တာ)

ပြည်ခိုင်ဖြိုးနဲ့ နိုင်ငံရေးပါတီမဟုတ်တဲ့အဖွဲ့တခုတို့ကနေ ၂ဝ၁၅ မှာမဲရရေး ဇောက်ချလုပ်နေကြတာ လင်ခန်းမယားခန်း ကိစ္စတွေ ဖြစ်နေတယ်။ မိန်းမယူတာနဲ့ ယောက်ျားယူတာသာ လူ့တန်ဘိုးလို့ ထင်နေကြသူတွေ ဖြစ်တယ်။

အဲတာကို ဖို-မ ပေါ်လက်တစ်လို့ခေါ်တယ်။ နောက်တမျိုးက အမျိုးစောင့်တဲ့။

ကျွန်တော်တို့ ဆေးကျောင်းပဌမနှစ်အကြီးတန်းမှာ အဆောင်စနေတယ်။ မန္တလေး၊ ဖါသာလဖုန်း ခေါ် အထက (၁၄) မှာ။ ထမင်းစားခန်းမှာ ဇွန်းတွေပျောက်တော့ အဆောင်မှူးဖြစ်တဲ့ ချင်းလူမျိုးကထိက ကနေ ထမင်းချက်တွေကို ဆူတယ်။

မင်းတို့ ကိုယ့့် ကိုယ်ပဲ စောင့်တာလားတဲ့။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး