Zinc oxide cream ဇင့်အောက်ဆိုက်ခရင်မ်

ဆရာရှင့် သမီးလေးက ၂လနဲ့ ၁၇ ရက်ပါ။ လည်ပင်းကြားမှာ အဖုလေးတွေထွက်ပြီးနီရဲနေတာ zinc oxide လူးတာ မသက်သာဘူးရှင့်။ zinc oxide က နေ့တိုင်းလူးရမှာပါလားရှင့်။ zinc oxide ကို တနေ့ဘယ်နှစ်ကြိမ်လိမ်းရမလဲရှင့်။ အဲ့ဒါလိမ်းပြီး ကလေးပေါင်ဒါက ဘယ်အချိန်လိမ်းရမလဲရှင့်။ ခုဆို ပေါင်က အရစ်ကလေးတွေကြားမှာပါဖြစ်လာပြီရှင့်။ ခြောက်သွေ့ဖို့ အထူးဂရုစိုက်ရဲ့သားနဲ့ဖြစ်နေတာ ၊ ကလေးအထူးကုဆီသွားဖို့လဲ အဆင်မပြေသေးလို့ပါရှင့်။ အဲ့လိုဖြစ်နေတာ ရောဂါပိုးတခုခုများလားရှင့် အစဉ်အားကိုးလျက်

Diaper rash ဒိုင်ယာပါ ရက်ရှ်ဆိုတာ နီပြီး ခပ်ဖေါင်းဖေါင်းအကွက်တွေဖြစ်မယ်။ ကလေးအနေရခက်မယ်။ ကလေး အစာသစ်ကျွေးရာကနေ ဆီးထဲပါတာနဲ့ အဆင်မပြေလို့ဖြစ်တယ်။ စိုနေတာမသင့်ဘူး။ ကလေးသုံးပေါင်ဒါ၊ လိုးရှင်း စတာတွေနဲ့ သင့် မသင်ကြည့်ပါ။ အဆင်းမသင့်ရင် ရိစ်ခေါ် မှို နဲ့ ဗက်တီးရီးယားပိုးဝင်တတ်တယ်။ ကလေးကို ပိုးသေဆေးပေးရရင်လည်းဖြစ်တတ်တယ်။ petroleum ointment or petroleum jelly, nonpetroleum jelly, lanolin products, white zinc oxide, baking powder တခုခုကို သုံးနိုင်တယ်။

ဇင့်အောက်ဆိုက်ခရင်မ် ခေါ် လိမ်းဆေးကို ကလေးငယ်လေးတွေမှာ Diaper rash အနှီးပူလောင်တာကို ကာကွယ်ဘို့နဲ့ ဖြစ်ရင် သက်သာစေဘို့ လိမ်းနိုင်တယ်။ တခြား အရေပြားမှာ နေမထိထိုင်မသာဖြစ်စရာနဲ့ သာမန်ထိခိုက်တာအတွက်လည်း လိမ်းနိုင်တယ်။ ဇင့်ခေါ် သွပ်ဓါတ်နဲ့ မတည့်သူကို မသုံးရပါ။ မိခင်မှာ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးချိုတိုက်နေစဉ်မှာ မသုံးသင့်ပါ။

ဆေးလိမ်းပေမဲ့လက်ကို အရင်ဆေးကြောပါ။ ဆေးလိမ်းပေးပြီး တခါထပ်ဆေးပါ။ ဒိုင်ယာပါစိုတိုင်းလဲပေးပြီး ဆေးမလိမ်းမီ လောင်တဲ့နေရာ၊ လောင်နိုင်တဲ့နေရာက်ု အရင်ြောခက်သွေ့စေပြီးမှသာ ဆေးလိမ်းပါ။ လိုတဲ့နေရာဘေးမလိမ်းပါနဲ့
ဆေးလိမ်းပြီး ၇ ရက်နေလို့ မသက်သာရင်၊ မပျောက်သေးရင် ကလေးဆရာဝန်ပြပါ။ ပါးစပ်ထဲ မဝင်ပါစေနဲ့။

Desitin Maximum Strength Original Paste (Johnson & Johnson) – 40%
Booty Goo – 25%
Desitin Rapid Relief Cream (Johnson & Johnson) - 19%
Penaten Medicated Creme (Johnson & Johnson) - 18%
Bourdreaux’s Butt Paste – 16%
New Penaten Creamy Diaper Rash Treatment (Johnson & Johnson) - 13%
Aveeno Baby Soothing Relief Diaper Rash Cream – 13%
Triple Paste -12.8%
Weleda Calendula Diaper Rash Cream – 12%
Arbonne Herbal Diaper Rash Cream - 12%
California Baby Super Sensitive Diaper Rash Cream & Calming Diaper Rash Cream - 12%
Balmex Diaper Rash Cream with ActivGuard – 11.3%
Doctor Smith’s Premium Blend Diaper Ointment – 10%
Mustela Vitamin Barrier Cream - 10%
A & D Zinc Oxide Treatment Ointment - 10 %
Lansinoh Diaper Rash Ointment (Owned by Pigeon – an international company) – 5.5%

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး