မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, December 22, 2016

ဆီး ဆည်း စီး စည်း

ဆီး ဆည်း စီး စည်း

၁။ နောက်ထပ်လွဲကြတာရှိသေးတယ်ဆရာ ပျက်စီး နဲ့ ဖျက်ဆီး
၂။ ဆီးကပ်လား ဆည်းကပ်လား ဆရာ။ မကွဲပြားလို့ပါရှင့်။
၃။ ကိုးကွယ်စည်းကပ်က အမှန်လား ကိုးကွယ်ဆီးကပ်က အမှန်လားဆရာ။
၎။ မန္တလေးမြို့ကပါဆရာ။့ စီးသွားရင်လည်း တခါခါ အဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။

ဆီး
• ကလေးကို သင်္ကန်းဆီးပေးပါ။
• ဆီးခုံက နာတယ်။
• ဆီးချုပ်နေပါသလား။
• ဆီးချိုရောဂါ စစ်ထားပါ။
• ဆီးချူပေးမယ်။
• ဆီးစပ်မှာ အလုံးရှိနေတယ်။
• ဆီးတန့်ထားလို့ ဆက်သွားမရပါ။
• ဆီးဖြူသီးစားမလား။
• ဆီးဝမ်းလေ မှန်ပါသလား။
• ဆီးသီးကောင်းကောင်းစားချင်တယ်။
• ဆီးနှင်းတွေ ကျနေတယ်။
• တားဆီး ပိတ်ပင်ထားသည်။
• လူဆိုးကို ဖမ်းဆီးပါ။
• ဧည့်သည်ကို ဆီးကြိုပါ။

ဆည်း
• ဆည်းကပ်သည်။
• ဆည်းလည်းသံ သာယာသည်။
• ပညာဆည်းပူးပါ။
• နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။
• ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။

စီး
• စီးပွားရေး၊
• လှည်းတစီး၊ ကားတစီး၊
• စီးစီးပိုးပိုး မပြောအပ်။
• တရားဘာဝနာ စီးဖြန်းပါ။
• အပျက်အစီး များတယ်။
• ရထားပေါ် တက်စီးပါ။

စည်း
• အစည်းအဝေး စတော့မယ်။
• စည်းကမ်းရှိပါ။
• ဥစ္စာပစ္စည်း ကုံလုံသည်။
• ကြိုးနှင့် စည်းထားပါ။
• တင်းတစည်း ဘယ်လောက်လဲ။
• ရွှေစည်းခုံစေတီတော်။
• အခွန်စည်းကြပ်မည်။
• စည်းမျဉ်းထားပါ။
• စည်းစောင့်ရမယ်။
• ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ။
• ဘဝဆက်တိုင်း ဆုံစည်းချင်တယ်။

အရုဏ်ဆည်းဆာ၊ နေ့ချိန်ခါ၊ ညနေဆည်းဆာ၊ ညခင်းသာ၊ အချိန်ခါပိုင်းတော့ လေးပိုင်းပါ။
ဆည်းဆာချိန်မှာ မိဖတွေဟာ အိုနာ၊ လုပ်ကြွေးပြုစုဘို့ရာ အချိန်ရသေးတာ သိပါ။
တိုင်းပြည်ကြီးဟာ အိုနာ၊ ပြုပြင်ရေးမှာ လုပ်ချိန်ရှိသေးတာလည်း သိပါ။
နေညိုတယ်ဆိုပေမဲ့ နေမဝင်သေးတာ သိပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.