ရတက်ပွေ အခက်ဝေလိမ့်မယ်

(သတိရလို့ရေးရမှာကို သတိယလို့ မှားနေကြလို့)

တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေဝင်းတဲ့
တို့တတွေရဲ့သေမင်းပါပဲ၊
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။

တိုင်းရင်းသားတွေအပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်တို့တတွေ ထင်ရာစိုင်း
ရိုင်းသမျ ခံရတယ်။

အများအကျိုးအတွက်
တအားကိုးရမယ်မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓါးပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။

ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက်ရိုင်းတာ ရှိမယ်မထင်ဘူး။

ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေဝင်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။

ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲဝင်ကြစို့။

သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။

ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။

(တင်မိုး)

မှတ်ချက်
တစ်ခေတ်မှာ တစ်ဘုရင် မဟုတ်ပါ။
အရိုင်းမင်းတစ်ပါးလို ကျင့်ကြံ မဟုတ်ပါ။
ဘော်ဒါလမ်းက တစ်ရွေ့ရွေ့ မဟုတ်ပါ။
သင်တို့တစ်တွေ ထင်ရာစိုင်း မဟုတ်ပါ။
တစ်အားကိုးရမယ်မှတ်ပါ့ မဟုတ်ပါ။
သင်းတို့တစ်ရက် အသက်ရှည်ရင် မဟုတ်ပါ။


ကပိယ၊
ဒါယကာ၊
ဒုတိယ၊
ပင်းတယမြို့၊
ဘယဆေး၊
မစ္ဆရိယစိတ်၊
ယခုချက်ချင်း၊ ယခုအခါ၊
ယဇုဗေဒင် (ယဇ်ပူဇော်ခြင်း)၊
ယတိပြတ်
ယတိပြတ်၊
ယထာဘူတ၊
ယထာဘူတကျ၊
ယတြာချေ၊
ယမကာအဖျော်ရည်။
ယမင်းရုပ်၊
ယမန်နေ့၊
ယမမင်း၊
ယမုန်နာမြစ်၊
ယမိုက်ပြာဋိဟာပြတော်မူသည်၊
ယမနေသားပန်းပု၊
ယသ (အခြွေအရံ)၊
ယုယုယယ၊
ယသော အယသော၊
ယသော်ဓယာမိဘုရား၊
ဝပ်တွားခယ၊
သဟာယမိတ်ဆွေ၊
သူရိယနေမင်း၊
အထိန်းအယ၊
စေတီယမင်း၊


ကုမာရမင်းသား၊
ဂါဝတရား၊
ငရမန်၊
ဆုရသည်၊
ဒွါရခြောက်ပါး၊
ပဋိသ္ဓရစကား၊
ပရမတ်၊
မရဏ၊
မရမနေကြိုးစား၊
မိမိရရ၊
ရကန်စပ်နည်း၊
ရကွင်း (အတီးအမှုတ်)၊
ရခိုင်ပြည်နယ်၊
ရဂုံမြိုင်တွင်း တောလုံးလင်းသား၊
ရတက်ပွေ ဖြေမရ၊
ရတက်ပွေ၊
ရတနာ၊
ရတနာရွှေချိုင့်၊
ရတာနာပုံနေပြည်၊
ရတီ (စိန်ကျောက်)
ရတုပိုဒ်စုံ၊
ရထား၊
ရနံ့ထုံသင်း၊
ရနယ်အခြင်၊
ရမည်းသင်းမြိုရ၊
ရမထာရွှေကြိမ်လုံး၊
ရမ္မက်ကြီး၊
ရမယ်ရှာ၊
ရလဒ်အဖြေ၊
ရသစာပေ၊
ရဟတ်စီး၊
ရဟန်းသံဃာ၊
ရဟိုင်းဈေး၊
ရဟန္တာအရှင်မြတ်၊
ရဝေ (နန်းအိမ်တိုက်နေရာ)၊
ရသေ့၊
လက်ခံရရှိသည်၊
ဝမ်းသာအားရ၊ နှစ်ထောင်းအားရ၊
ဝိဟာရ၊
သတိရ၊
အစာအာဟာရ၊
အစိုးရ၊
အမှတ်တရ၊
အသုရကာယ်။
ဥပကာရကျေးဇူး၊
နောင်တရ၊
ပြောရဆိုရ၊
ဝေါဟာရ၊

သတ်ပုံမှားရင် ရတက်ပွေ အခက်ဝေလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး