Super ဆူပါအမှားများ

စူ နဲ့ ဆူ ရေးတာ အတော်မှားနေကြတယ်။

၁။ သမီး သားအိမ်ဟာ အပေါ့သွားရင်လည်း ဘာမမဖြစ်ဘူး အလေးသွားရင်ဆူလာပါတယ်ဆရာ။ သမီး အပျိုပါ။ ချောင်းဆိုလည်း မဆူပါ။

၂။ စူပါမာကက်က ရောင်းတာတွေ ကင်ဆာဖြစ်နိုင်ပါသလား။

၃။ ဆရာရှင့် သမီးရဲ့အမျိုးသားက လူကအရမ်းမဝပေမဲ့ ဗိုက်က သာမန်ထက်တော့ ဆူပါတယ်။

၎။ ကျွန်မသမီးလေးက ၄၈ရက်သားပါဆရာ။ သူ့ချက်ကလေးက အခုချိန်ထိ ဆူတက်နေပါတယ်ရှင့်။

၅။ ကျမသားလေးချက်က လက်တဆစ်လောက် ဆူထွက်လာပါတယ်

၆။ ဂျပန် စူနာမီသတိပေးချက်

စူ
စူကာသီး
စူလာနဖါပင်
စူဠမဏိစေတီ
စူဠာမဏိ (စူဠာမုဏိ)
စူဠာသမ္ဘဝ
နှုတ်ခမ်းစူသည်

ဆူ
ဆူဆူပူပူမလုပ်ပါနှင့်
ဆူညံသံက နားအကြားကို ထိခိုက်စေနိုင်သည်
ဆူနာမီ၊
ဆူပါပါဝါ၊
ဆူပါမင်း၊
ဆူပါမွန်း
ဆူပါမာကက်၊
ဆူကြုံနိမ့်မြင့်မခွဲခြားသင့်
ဆူဖြိုးသည် (တကိုယ်လုံးပြည့်ဖြိုးသည်၊ စီးပွားရေးကောင်းသည်)
ဆူရှီးစားမလား
ဆူလွယ်နပ်လွယ်
ဘုရားတဆူ
ရေနွေးဆူနေပြီ

ဆူပါကို စူပါလို့ ရေးတာ ပြောတာ မှားတယ်။ အာထွာဆောင်းကို အာထွာစောင်းလို့ ရေးတာ ပြောတာ မှားတယ်။ နှစ်ခုလုံးက အင်္ဂလိပ်စကားကနေယူတာမို့ သတ်ပုံစာအုပ်တွေမှာ မပါ။ စူသံရော ဆူသံပါ မြန်မာစာမှာ ရှိတယ်။ တိုင်းတပါးသားတွေနဲ့ ကူးလူးဆက်ဆံရတာပိုများလာလို့ အသံထွက်ကို အတတ်နိုင်ဆုံး မူရင်းနဲ့ နီးစပ်သင့်တယ်။ ဆူပါအမှားတွေကို ပြင်ကြစေချင်ပါတယ်။

ဆူပါ အသံထွက်နည်း How to Pronounce Super https://www.youtube.com/watch?v=S_nWAklDFx4
ဆူနာမီ အသံထွက်နည်း How to Pronounce Tsunami https://www.youtube.com/watch?v=44t6As8ZjLQ
ဆူပါမားကက် အသံထွက်နည်း How to Pronounce Supermarket https://www.youtube.com/watch?v=uuy1EYICD9w
အာထွာဆောင်း အသံထွက်နည်း How to Pronounce Ultrasounds https://www.youtube.com/watch?v=S7yxivwZGBA
• ဆူပါမင်း အသံထွက်နည်း How to Pronounce Superman https://www.youtube.com/watch?v=mwiF2e1lhiU
• ဆူပါစတား အသံထွက်နည်း How to Pronounce Superstar https://www.youtube.com/watch?v=VAvdEA-TXrc

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၇
၅-၁၂-၂ဝ၁၇
၆-၃-၂ဝ၁၈
၁၅-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး