နံပါတ် နှင့် နံပတ်

၁။ နံပတ် နဲ့ နံပါတ် ဘယ်ပာာမှန်ပါသလဲဆရာ။ ဆရာရေးထားတာ နံပတ်လို့ ဖတ်လိုက်ရတယ်ဆရာ။

နံပတ် နဲ့ နံပါတ်ဟာ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်နိုင်တယ်။ အရင်ထုတ်သတ်ပုံကျမ်းတွေထဲက နံသတ်ပုံထဲမှာ မတွေ့ပါ။ ပတ် နဲ့ ပါတ် သတ်ပုံတွေထဲမှာလည်း မတွေ့ပါ။ နောက်ထုတ်သတ်ပုံစာအုပ်မှာ Number = နံပါတ်လို့ရေးထားပါတယ်။ နမ်းဘားနဲ့ နံဘတ်လို့ရေးလည်း မှားတယ်ပြောဘို့ခက်မယ်။ ဒါပေမယ့် မသင့်လျော်လောက်ပါ။

၂။ ဆရာ ပပ်ကြားနဲ့ ပတ်ကြား မရှင်းလို့ပါ။

ပပ်ကြားကမှန်တယ်။

၃။ ပတ်သက်ဆိုတဲ့စကားလုံးမှာ ပတ်ကို ရေးချထည့်ပြီး ပါတ်တာက အမှန်လား၊ ရေးချမထည့်ဘဲ ပတ်တာက အမှန်လား ရှင်းပြပေးစေချင်ပါတယ်။

ပတ်သက်ကမှန်တယ်။

နံ
ဆိတ်နံပင်
ဓါတ်နံ
နံကာလ = ဝါခေါင်လ
နံကိုင်း = နံရံ = နံဘေးဘက်
နံက်မိုးသောက်
နံနံပင်
နံပုပ်သည်
နံရိုး
နံစော်
နံတောင် = နံတောင်း = နံပါး
ပနံသင့်
ဂြိုဟ်နံ
ရည်းစားသနံ
အနံအလျား
နေံနံ
ရေနံဆီ
ရေနံတွင်း
ရေနံချေး
ရေနံချောင်းမြို့

ပတ်
ခရုပတ်
စကားပြောရုပ်ပတ်သည်
စုလျားပတ်ရစ်သည်
ညစ်ပတ်
တံခါးပတ္တာ
တာလပတ်
တနှစ်ပတ်လုံး
ပင်စည်လုံးပတ်
ပဋိပတ် (ကျင့်ဝတ်)
ပတ္တလား
ပတ္တလား
ပတ္တမြား
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်ပတ်နပ်နပ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ် (ပတ်ကြမ်းတိုတ်)
ပတ်ခြံ
ပတ်မကြီး
ပတ်ရံ
ပတ်လည်အနား
ပတ်ဝန်းကျင်
ပတ်သက်နေသည်
ပတ်မြှောင်
ဗျုပ္ပတ်
ရင်ပတ်
ရိုင်ပတ်
ရိုပ်ပတ်ဖျာ
ရုပ်ပတ်
လုံးစေ့ပတ်စေ့
လည်ပတ်ပုဝါ
လှည့်ပတ်
လှည့်ပတ်သွားလာ
သံပတ်ကွင်း
အင်္ကျီအနားပတ်
အပတ်တကုတ်
အကြောင်းဗျုပ္ပတ်
ဥပပတ်
ကွေ့လည်ကြောင်ပတ်
ကွေ့လည်ကြောင်ပတ် (ဝေ့လည်ကြောင်ပတ်)
ထောပတ်
လျှောက်ပတ်တင့်တယ် မျိုးနွယ်တူဆွေ
လျောက်ပတ်သည်

ပါတ်
ပါဏာတိပါတ်
ဇာတ်နိပါတ်
ဥပပါတ်
ပဋိပါတ် (အစဉ်)
တနင်္ဂနွေပါတ်

ပါက်
အကျိုးဝိပါက်
လာလဝိပါက် နောက်ပိုးတက်

ပပ်
ငှက်ပျောပပ်
ပပ်ကြားအက်
မိန်းမကိုယ် (ကန်တော့ပါ)
ရှားစောင်းလက်ပပ်
လက်ပပ်စော်နံသည်
အသားပပ်သည်
မြေပပ်ကြား
မြေလက်ပပ်

ပဒ်
ဘေးဥပဒ်
ပဋိပဒ် (အကျင့်)

ပါဒ်
သမုပ္ပါဒ်
ဣဒ္မိပါဒ်

ပါသ်
နဂါးပါသ်ကျော့ကွင်း (နဂါးပတ်ဟုဖတ်သည်)

ချစ်သမျှကို ပတ်ပျိုး (ဝင်းဦး + စောင်းဦးဘသန်း) https://www.youtube.com/watch?v=fZLQo47s1TQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး