မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, January 4, 2017

ကျပ် နဲ့ ကြပ်

ဆရာခင်ဗျာ အချိန်ရရင် ဖြေပေးပါဦး။ ရင်ကျပ်၊ ကြပ်တည်း။ ပန်းနာရင်ကျပ်မှာ ကျပ်ကို ယပင့်သုံးပြီး ကြပ်ကြပ်တည်းတည်းမှာတော့ ကြပ်ကို ရရစ်သုံးထားတာလေး ရှင်းပြပေးပါဦး ဆရာ။

ကျပ်
ကျပ် (ဘိုးသူတော် အသုံးအဆောင်)
ကျပ်ကျပ်တင်းတင်း
ကျပ်ကျပ်တည်းတည်း
ကျပ်ခိုးစင် (မီးဖို)
ကျပ်စည်း
ကျပ်တင်ခြောက်
ကျပ်တည်းကျဉ်းမြောင်း
ကျပ်တိုက်
ကျပ်ထုပ်ထိုး
ကျပ်နာ ဘင်နာ
ကျပ်မပြည့်သူ
ကျပ်ပြား (ဒင်္ဂါးပြား)
ကျပ်ကောင် (ဂျပ်ကောင်)
ကျဉ်းကျပ်သည်
ကျဉ်းကျဉ်းကျပ်ကျပ်။
ချွဲကျပ်
တင်းပြည့်ကျပ်ပြည့်၊
နားကျပ်ပေးပါ (ကိရိယာမဟုတ်)
ကြက်တောင်နှင့်ကျပ်
မကျယ်ဘဲ ကျဉ်းကျပ်နေသည်။
မချောင်ဘဲ ကျပ်နေသည်။
ပြည့်ကျပ်နေသည်
ရင်ကျပ်ရောဂါ၊
လက်ကျပ်အင်္ကျီ၊
ဝက်အူကျပ်ပေးပါ။
သင်းကျပ် (သင်းကျစ်)
အကျပ်ကိုင်
အကျဉ်းအကျပ်၊
အင်္ကျီကိုယ်ကျပ်။
အသစ်ကျပ်ချွတ်။
အစောင်းအကျပ်
ဘေးကျပ်နံကျပ်၊
ဘေးထိုးရင်ကျပ်၊

ကြပ်
ကိုယ်တိုင်ကိုယ်ကြပ်၊
စည်းကြပ်
တပ်ကြပ်၊
တိုက်အုပ်တိုက်ကြပ်
ထက်ကြပ်မကွာ၊
ထိန်းကြပ်
ကြီးကြပ်
နားကြပ်ကိရိယာ၊
ကြပ်ထုပ်ထိုး
ကြပ်ပူတိုက်
ကြပ်ကြပ် (ခိုင်မာ)
ကြပ်ကြပ်တင်းတင်း
ကြပ်ကြပ်တည်းတည်း
ကြပ်ကြပ်မမ
ကြပ်ကြပ်သတိထား
ကြပ်မတ်
ကြီးကြပ်သည်
လက်ပူးလက်ကြပ်မိ
အခွန်စည်းကြပ်
အကြပ်တပ်သား၊
စောင့်ကြပ်

ကြတ်
ကြတ္တိကာနက္ခတ်
ကြတ်ငန်ရေ (ဆားငန်ရေ)
ကြတ်တင်ရေ (အင်လယ်ရေ)
သင်္ကြန်အကြတ်နေ့
ညောင်ကြတ်ပင်
နေကြတ် လကြတ်

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.