Clean-up အဟောင်းကို သန့်အောင်လုပ်ခြင်း

၂၂-၁၁-၂ဝ၁၅ နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ၊ ဒေါက်တာတင့်ဆွေအား ဂုဏ်ပြုသောအားဖြင့် ၎င်းပိုင်ဆိုင်သော အိမ်ဝင်းခြံအား မျိုးဆက်သစ်လူငယ်များမှ သန့်ရှင်းရေးပြုလုပ်ပေးနေကြစဉ်။ အိမ်ဝင်းမျက်နှာစာတော့ အတော် ကြည့်ကောင်းသွားပြီဆရာ။ အိမ်နောက်ဖေး ဆက်လုပ်နေဆဲလို့ ပုံပို့ပေးသူက ရေးတယ်။

ကူညီသန့်ရှင်းပေးကြတဲ့ လူငယ်လေးတွေအားလုံးကို ကျေးဇူးစကားပြောပေးပါ။ NLD ထဲဝင်မှ မဲပေးမှလို့ သဘောမထားကြောင်းလည်း ပြောပေးပါ။ ကိုယ်တိုင် လေ့လာ၊ ကိုယ်ပိုင်တွေးခေါ်၊ ကိုယ်တိုင်သာ ဆုံးဖြတ်တတ်တဲ့ အလေ့အကျင့် ရစေချင်တယ်။ ပြောင်းလဲတတ်တဲ့သဘောရှိကြောင်းကိုလည်း သိစေချင်တယ်။ လွတ်လပ်ရေးရပြီးနောက် စစ်အေးကာလကနေ လက်ဝဲအယူအဆလွှမ်းမိုးစေခဲ့တယ်။ ၁၉၈၈ အရေးအခင်းကြီးကနေ စစ်သွေးကြွခေတ် ဖြစ်စေခဲ့တယ်။ ဒီမိုကရေစီရဲ့သဘောက ရှင်သန်နေရတယ်။ အဲလိုမလုပ်နိုင်သူတွေဟာ ခေတ်ဟောင်းမှာ ကျန်ရစ်ကြတော့တယ်။ အခုအပြောင်းအလဲမှာလည်း အသိ-အတွေး-အမြင် အသစ်တွေ လိုလာတယ်။

သစ်တိုင်းလည်း မကောင်းပါ။ အဟောင်းထဲလည်း အကုန်ယူလို့မရပါ။ ပယ်သင့်တွေကို ပယ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၅
၂၂-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး