Crude Nationalism အကြမ်းစား အမျိုးသားရေးအယူအဆ

အမေရိကန်သမတ ဘားရက် အိုဘားမာက သူရဲ့နောက်ဆုံးနိုင်ငံခြားခရီးစဉ်အတွင်းမှာ သတိပေးစကားတခု ပြောခဲ့တယ်။ အကြမ်းစား အမျိုးသားရေးအယူအဆ သတိပြုကြပါတဲ့။ သူက သမတသစ် ဒေါ်နယ်ထရမ့်ကို ဦးတည်ပြီး အဲလို ပြောလိုက်တာပါ။ ကျွန်တော်တို့ အဲဒီအန္တရာယ်တွေကို စုပေါင်းကာကွယ်ထားရပါမယ်။ အဲတာကို နာကျင်မှုတွေနဲ့အတူ သတိပြုမိနေပါတယ်။ လူမျိုးရေး၊ ဘာသာရေးနဲ့ တိုင်းရင်းသားအခြေခံပြီး ခွဲခြားမှုတွေဟာ အန္တရာယ်တွေပါ။ ထရမ့်ကို ရွေးလိုက်ကြတာဟာ လက်ရှိအစိုးရ ရှစ်နှစ်ကြာနေတာကနေ အပြောင်းအလဲတရပ် လိုချင်တယ်ဆိုတဲ့ သဘာဝတရားတခု ဖြစ်ပါတယ်တဲ့။ လူတွေဟာ လာမယ့်အပြောင်းအလဲဟာ ဘာမှန်းတော့ မသိကြပေမယ့် ပြောင်းချင်တတ်ကြပါတယ်။ မညီမျှမှု၊ စီးပွားရေးတလွဲဖြစ်မှု၊ သူတို့ ကလေးတွေ အခုလိုဆက်ပြီး လုပ်နိုင်ကိုင်နိုင် ရှိကြပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကို ရင်ဆိုင် ကိုင်တွယ်ကြရမှာ ဖြစ်ပါတယ်။ အဲလိုကြောက်ရွံ့နေသူတွေကို ကျေနပ်စေအောင်လုပ်ဘို့ဆိုတာ ကြီးမားတဲ့စမ်းသပ်မှုကြီးဖြစ်ပါတယ်။ အနာဂတ်ကို တူညီမှုရှိသူတွေကသာ ဆုံးဖြတ်သင့်ကြပြီး အဲလိုပဋိပက္ခကိုဖြစ်စေတာကို ဦးတည်သင့်တာ မဟုတ်ပါတဲ့။

လက်ဝဲအိုင်ဒီယော်လောဂျီခေတ်မှာလည်း အကြမ်းစားလို့ခေါ်ခဲ့တာတွေရှိတယ်။

လူငယ်လူရွယ်တွေ အတွေးအခေါ်ကို စိတ်ဝင်စားကြဘို့ ရေးသေးတယ်။ အရပ်ထဲ၊ လမ်းပေါ်၊ လက်ဖက်ရည်ဆိုင်မှာ ဟောပြောပွဲတွေမှာ အာဘောင်အာရင်းသန်သန်နဲ့ လူကြိုက်များတဲ့စကားမျိုးပြောတာကို သိပါ။ စကားထဲမှာ ဒဿနအမြင်ပါသလား ကြည့်ပါ။ ဒါကအပြော။

လုပ်ကိုင်ဆောင်ရွက်တာမှာ ခပ်ကြမ်းကြမ်း ခပ်ရန်းရန်းလုပ်တာတွေက ယဉ်ကျေးမှု ဒိထက် နည်းစဉ်ကဖြစ်ပါတယ်။ အဲတာ မမှန်တော့ပြန်ပါ။ မြန်မာပြည်မှာရော အမေရိကန်နိုင်ငံမှာပါ အကြမ်းစားသမားတွေက ခေါင်းထောက်ချင်လာတယ်။

ဒါပေမယ့် အာဘောင်အာရင်းသန်သန်နဲ့ အကြမ်းစာတွေ ကြွေးကြော်ကြသူတွေ လပိုင်းအတွင်းမှာ သူတို့ ဟစ်ကြွေးသလို မဖြစ်နိုင်တာကို တွေ့မြင်လာရပါတယ်။ မြန်မာပြည်မှာရော အမေရိကန်နိုင်ငံမှာပါ အဲလိုဖြစ်တယ်။ အကြမ်းစားအမျိုးသာရေး အယူအဆတွေဟာ ယဉ်ကျေးမှုတံတိုင်းကြီးကို ချိုးဖေါက်လို့မရနိုင်တာ တွေ့သိလာရပါပြီ။ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၇
ည (မနက်) ၂ နာရီ၊ ၂၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး