History ရာဇဝင် နဲ့ သမိုင်း

ကွန်မင့်တခု = လူတော်တော်များများက ရာဇဝင်နဲ့သမိုင်းကို ခွဲခြားမသိကြတော့ တခါတလေ အပြင်းအထန် စကားစစ်ထိုးတတ်ကြရတယ်။

မြန်မာစာမှာ အရင်က ပါဠိလွှမ်းမိုးမှု များခဲ့တယ်။ ရာဇဝင်ဆိုတာလည်းပါတယ်။ ရာဇ + ဝံသ = ရာဇဝင်တဲ့။ မင်းတွေချည်းသာ ဦးစားပေးတာ မကောင်းဘူးဆိုရာကနေ သမိုင်းလို့ခေါ်တွင်စေတယ်။ ဒါပေမယ့် ကျွန်တော်တို့ငယ်က ရာဇဝင်စာအုပ်ချည်းသာရှိတယ်။ ဘုရင်တွေမင်းတွေလက်ထက် နိုင်ငံရေး၊ စီးပွါးရေး၊ ဘာရေးညာရေး ပါတယ်။

ကျွန်တော်တော့ ဘယ်လိုနာမည်တပ်တပ်၊ သိချင်တာသိရရင် ပြီးရော။ ကုန်ဘောင်ခေတ်အထိကို ရာဇဝင်။ ဒိနောက်တော့ သမိုင်း။ Smile

တချို့က ဟောင်းရင် မှားတယ်ထင်ကြတယ်။ မင်းလို့မခေါ်ကြတော့တဲ့ သမတတွေ၊ ဝန်ကြီးချုပ်တွေ၊ အာဏာသိမ်း ခေါင်းဆောင်တွေကို ပညာပေးချင်တော့ ရှေးခေတ်က မင်းကျင့်တရားဆယ်ပါးကို ထုတ်သုံးကြပြန်ရော။ Smile!

သမိုင်းဆိုရင် ဒေါက်တာသန်းထွန်းကျေးဇူးကများတယ်။ ရာဇဝင်စာအုပ်တွေ ရေးခဲ့တယ်။ ဒေါက်တာသန်းထွန်းက သင်တန်းတခုကို ကျေးဇူးတင်ခဲ့တယ်။ သင်တန်းတစ်ခု မဟုတ်ပါ။ အခုခေတ်မှာ ကျေးဇူးကန်းတွေက များတယ်။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး