Pregnancy Spelling သတ်ပုံမှားသော မီးနေသည်များ

၁။ ဆရာရှင် ကျမအသက်က ၂၈ နှစ်ပါ။ မီးနေသည် ဆပ်ပြာမကိုင်ရတဲ့အယူအစက B1 ချို့တဲ့တယ်လို့ တစ်ချို့တွေက ပြောကြပါတယ်။ ဟုတ်သလားရှင့်။ B1 ချို့မတည့်အောင် ဘာတွေစားသုံးဘယ်ဆေးမျိုးသောက်ရမလဲရှင့်။

ဆပ်ပြာကို မတည့်သူက တသက်လုံးဆင်ခြင်ရတယ်။ တည့်သူက တသက်လုံးသုံးနိုင်တယ်။ ဘီ-၁ ချို့တဲ့တယ်လို့ ဆရာဝန်ကပြောပါသလား။ ထုံးနာကျင်နာဖြစ်နေပါသလား။ ဆရာ့ဘလော့မှာ ဖတ်လိုကဖတ်နိုင်။ ရာသီလာခြင်းနဲ့ ကိုယ်ဝန်-မီးနေကာလ မှားယွင်းတဲ့အယူအဆတွေကိုလည်း ရေးထား။

အယူအဆလို့သာ ရေးရမယ်။ အယူအစလို့ရေးတာ မှားတယ်။ မွေးလာမယ့်ကလေး သတ်ပုံမမှားပါစေနဲ့။

၂။ ဆရာရှင့် ကျွန်မအသက် ၂၅၊ အိမ်ထောင်နဲ့ ကလေးတယောက်ရှိပါတယ်။ အခု ဒုတိယကိုယ်ဝန် ဆောင်ထားပါတယ်။ ကျွန်မ ပထမသားလေးမွေးထဲက လိပ်ခေါ်င်းဖြစ်နေတာ မွေးတုန်းအရမ်းစိုးပေမဲ့ သက်သာသွားပါတယ်။ အခုလိပ်ခေါင်းက ဟိုနေ့ဝမ်းညစ်မိလို့ သွေးထွက်နေပါတယ်။ ကျွန်မလောလောဆယ် ဘာဆေးများလိမ်းရမလဲရှင့်။ ဒုတိယကိုယ်ဝန်ကို ရိုးရိုးမွေးလို့ရပါ့မလား။ လိပ်ခေါင်းကသွေးထွက်နေလို့။ လေးစားစွာဖြင့်

အရမ်းစိုးလို့ရေးတာ မှားတယ်။ အရမ်းဆိုးလို့သာ ရေးရမယ်။ မွေးလာမယ့်ကလေး သတ်ပုံမမှားပါစေနဲ့။

သတ်ပုံမှားသော မီးနေသည်တွေ ကျန်းမာကြပါစေ။ မြန်မာစာ သားကောင်းသမီးကောင်းတွေ မွေးနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး