Professionalism ပရော်ဖက်ရှင်နယ်လ်ဇင်

ကျွန်တော်ရေးတဲ့စာတွေကို ပြည်တွင်းက ဂျာနယ် တစောင်စ နှစ်စောင်စကနေ ထည့်သုံးကြပါတယ်။ ရန်ကုန်က တူမတယောက်ကို အဲတာတွေနဲ့ဆက်သွယ်ရေး တာဝန်လွှဲထားတယ်။ ကျွန်တော့် စည်းကမ်းကလနားပြောပြဖို့ပါ။ စောစောက သတင်းပို့တယ်။ ဘယ်တိုက်က ဘယ်လို။ ဂျာနယ်တခုကတော့ သတ်ပုံကြောင့် ကျွန်တော့်စာကို ဆက်မသုံးလိုတော့ပါတဲ့။ ဆက်ပြောသေးတယ်။ ကိုယ်တိုင်ထိတွေ့ ပြောဆိုတော့ သူတို့လောကကို ပိုသိလာရတယ်တဲ့။

အေ့း့ အဲတာကို ပရော်ဖက်ရှင်နယ်လ်ဇင်လို့ ခေါ်တယ်။ ကိုယ့်အသက်မွေးမှုကိုသာ အာရုံစိုက်ပြီး အလုပ်လုပ်ကြတာ။ စီမံခန့်ခွဲမှုမာစတာဘွဲ့မှာ အဲတာကို အသေအချာသင်ပေးတယ်။ တခြား ဘာကိုမှမကြည့်နဲ့ ကိုယ့်စီးပွားရေး တိုးတက်ဘို့က အဓိက။ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်အကျိုးစီးပွားသာကြည့်သူတွေက အလွန့်အလွန်များတယ်။ ထုတ်ဝေသူက ရောင်းရဖို့၊ ပိုက်ဆံရဖို့။ တရားသဖြင့်ရှာတာတော့ အပြစ်မရှိပါ။

ကျွန်တော့်မှာလည်း ကိုယ်ပိုင်အကျိုးစီးပွားရှိပါတယ်။ ကျန်းမာရေးခက်နေသူတွေကို တတ်စွမ်းသလောက် ကူဘို့။ မြန်မာစာ လွဲမှားနေတာတွေကို တတ်နိုင်သလောက် တည့်မတ်ပေးဘို့။ အသိပညာရှာလိုသူများကို အားပေးဘို့။

မီဒီယာတွေကပါ သဘောတူကြရင်တော့ ကျွန်တော့်ရည်ရွယ်ချက် ပိုပြီးတွင်ကျယ်မှာ မှန်တယ်။ ခုထိတော့။ ကျွန်တော်က ဇွဲမလျှော့တတ်ပါ။

ဈေးဝယ်သူနဲ့ စာဖတ်ပရိသတ် ပညာနည်းရင် ဘယ်လိုကုန်ဖြစ်ဖြစ် ရောင်းရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၆
၁၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး