Symbols of status and respect အမည်သညာ ခေါ်စရာကား

Kyan Sit သူ့ဂုဏ်ပုဒ်နှင့်မညီတဲ့ ဒေါ်စု လို့သုံးတာက တော့မတော်ဘူးထင်ပါတယ်ဆရာ

ကျွန်တော်က စာတွေရေးကတည်းက နာမည်အပြည့်အစုံ မဟုတ်ရင် အခုရေးသလိုရေးပါတယ်။

သူများကို နာမည်ခေါ်တာဟာ ကိုယ်ကနေ ဘယ်လိုမြင်သလဲကို ရောင်ပြန်ဟပ်တယ်။ စစ်ထောက်လှမ်းရေးက ထွင်ပေးတဲ့အခေါ်ကိုပဲ နာခံလိုက်နာသူတွေ အခုထိ အများကြီးရှိတယ်။ အဲတာ သူတို့သဘောပါ။ တချို့က အမေလို့ ခေါ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီ ၂ မျိုးသာသုံးပါတယ်။ မြန်မာလူမျိုးထုံးစံက မ-ဒေါ်၊ မောင်-ကို-ဦး လို့ခေါ်ကြလို့ပါ။

မေးခွန်းစည်းကမ်းထဲမှာ အမျိုးမတော်ပဲနဲ့ အကို၊ ဦးလေး၊ အဘ၊ ဘဘ စဖြင့်ခေါ်တာနဲ့ ကိုယ့်ကိုယ်ကို သမီးလို့၊ သားလို့၊ ကိုယ့်နာမည်ကိုအဖျားဆွတ်လို့ ရေးတာတွေဟာ ကျွန်တော့်အတွက် အခက်အခဲရှိပါတယ်လို့ ထည့်ထားပါတယ်။ အဆိုးဆုံးဖြစ်တဲ့ အဘရောဂါကျဆုံးပါစေလို့လည်းရေးပါတယ်။ ဆရာလို့သုံးတာက အရွယ်မရွေး၊ ကျား-မ မရွေး တင့်တယ်တယ်။ လေးစားရာကျတယ်။ ယဉ်ကျေးတယ်။ ဆရာကြီးဆိုတာလည်း အထူးကုတွေနဲ့ ဆေးရုံအုပ်တွေကိုမှသာ သုံးလေ့ရှိလို့ပါ။ ဒေါက်တာဆိုတာ နားယဉ်နေကြပါပြီ။ Sir လို့ မသုံးစေပဲ၊ Sayar လို့သာ ပြင်ပေးပါတယ်။

တခြားသူကို ဘယ်လိုခေါ်သလဲဆိုတာ သူများကို အဲဒီလူကနေမြင်တာအပြင် ခေါ်သူဟာ ဘယ်လိုပုဂ္ဂိုလ်လည်းကိုပါ ဖေါ်ပြရာကျတယ်။ လူတွေက မတူကြပါ။ သူများကို အိုးမဲမသုတ်ကြနဲ့။ ကိုယ့်လဲအိုးမဲသုတ်မခံကြနဲ့လို့ ရေးဖူးတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး