A Bird ငှက်ကလေး၏ ပရိုဖိုင်းလ်ပုံ

ကနေ့ တိုက်ဆိုင်တာပဲပြောရမယ်။ ငှက်ကလေးတွေပုံနဲ့တင်တဲ့ပို့စ်တွေ ၄-၅ ခုတွေ့တယ်။

ရာသီဥတုသာယာနေတဲ့အချိန်မှာ ငှက်ကလေးတကောင် သစ်ကိုင်းလေးပေါ်နားနေတာကို မြင်သူတိုင်းက ကြည်နူးကြရတယ်။ အဲဒီငှက်လေး အသိုက်ဖျက်ခံရတာတော့ မသိလိုက်ပါ။ အစာရှာမရခဲ့တာကိုလည်း မသိလိုက်ကြပါ။ လောက်စာလုံးစာ မိတုန်းကလည်း လူသူမသိရှာ။ ငှက်ကလေးဟာ သူဖြစ်ပျက်တာတွေတိုင်းမှာ (ဆယ်လ်ဖီး) မရိုက်ပါ။

နော်ဝေလူမျိုး ပြဇာတ်ဆရာ၊ ဒါရိုက်တာ၊ ကဗျာဆရာ (ဟဲနရစ် ဂျိုဟန် အဘ်ဆန်) ကရေးတာတခုရှိတယ်။ တောထဲက ငှက်ဆိုတာ ဘယ်တော့မှ လှောင်အိမ်မကြိုက်ပါတဲ့။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး