Aflatoxin ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်တွေ့လို့ မြန်မာပြည်မှာ ပိတ်ပင်

ဆရာခင်ဗျာ လက်ရှိ မြန်မာနိုင်ငံမှ FDA အဖွဲ့ကနေ ငရုတ်သီးခြောက်ထုတ်ကုန်များအတွင်း Aflatoxin အဆိပ်ပါဝင်နေကြာင်း တွေ့ရှိလို့ ပိတ်ပင်ထားပါတယ်ခင်ဗျာ။ အများပြည်သူ ဗဟုသုတဖြစ်စေရန်၊ ကျန်းမာရေးအသိအမြင်နှင့် ကာကွယ်နိုင်ရန် ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ။ လေးစားစွာဖြင့်။

Aflatoxin (အဖလက်တောက်ဆင်) ဆိုတာ ကင်ဆာဖြစ်စေနိုင်တယ်။ Mold မှိုတမျိုးဖြစ်တယ်။ လူတွစားသုံးနေကျ အစားအသောက်တွေမှာ ပါနေတတ်တယ်။ ဒီဆေးသုတေသနက အမေရိကမှာလုပ်လို့ သူတို့ဆီမှာစားသုံးတာတွေကို သာလုပ်ထားတယ်။ မြေပဲ၊ ပြောင်းဖူး၊ မြေပဲထောပတ်၊ နွားနို့၊ ဒိန်ခဲ၊ အစေ့အဆံတွေ၊ ပဲအမျိုးမျိုး၊ ပဲပုပ်။ မြန်မာပြည်က အစားအသောက်တွေကိုလည်း စဉ်းစားယူရပါမယ်။ အမှန်က စားစရာတွေ ထားသိုစဉ်မှာ ပျက်စီးလို့ မှိုတက်လာတယ်။ အဲဒီမှိုက ပူလောင်စိုထိုင်းတာကိုကြိုက်တယ်။

အမျိုးအစားပေါင်း (၁၃) ခုရှိပါတယ်။ aflatoxin B1 အမျိုးစအားက အဆိုးဆုံး။ အသည်းကေိုထိခိုက်တယ်။ ကင်ဆာ ဖြစ်နိုင်တယ်။ အစာလမ်းဒုက္ခပေးမယ်။ အော်တိုအင်မျူးတုန့်ပြန်မှုဖြစ်စေမယ်။ သေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်။ ဆောရီး။ hepatocellular carcinoma အသည်းကင်ဆာက အဆိုးဆုံးဖြစ်တယ်။ အဆိပ်အမျိုးအားကို mycotoxin ခေါ်တယ်။ Aspergillus flavus နဲ့ Aspergillus parasiticus မှိုအမျိုးအစားတွေကနေ ဖြစ်စေတယ်။ လူတွေမှာ B1, B2, G1 နဲ့ G2 တွေကရောဂါရစေတယ်။ ကိုယ်ထဲမှာ ဓါတ်ပြောင်းပြီး M1 နဲ့ M2 တွေဖြစ်လာတယ်။ အဲတာက ကင်ဆာကိုဖြစ်စေတာ။

အစားအစာအလာဂျီရခြင်း၊ အော်တိုအင်မျူးတုန့်ပြန်မှု၊ နှလုံးထိခိုက်ခြင်း၊ အသည်းနဲ့ ကျောက်ကပ်ထိခိုက်ခြင်း၊ အသည်းကင်ဆာ၊ ဗိုင်းရပ်စ်အသည်းရောင်ရောဂါ၊ သန်ကောင်၊ ဖွံဖြိုးမှုနည်းခြင်းတွေဖြစ်စေနိုင်တယ်။ သာမန်ဆိုရင် အန်မယ်၊ ဗိုက်နာမယ်၊ ကိုယ်ဖေါမယ်၊ တက်မယ်၊ သတိလစ်မယ်၊ သေဆုံးမယ်။

ချက်ပြုပ်ရာမှာ အပူချိန် 100 and 150°C (221–302 °F) အထိ မိနစ် ၉ဝ ကြာထားရင် မှိုပါနေပေမဲ့ AFB1 ပါနေတာကို ၄၁့၉% ကနေ ၈၁့၂% လျော့နည်းစေနိုင်တယ်။

မြန်မာပြည်လို တတိယအဆင့်တိုင်းပြည်တွေမှာ ဖြစ်နိုင်ချေပိုများတယ်။ ဆင်းရဲလို့ အထားအသိုညံ့တာ၊ ကျန်းမာရေးအသိ နည်းသေးတာကြောင့်ဖြစ်ရတယ်။ FDA က တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ လက်ညှိုးထိုးတာရပ်ပြီး ကိုယ်ပိုင်အသိနဲ့လည်း စောင့်ရှောက်ကြပါခင်ဗျား။ တိုင်းပြည်တိုးတက်လာအောင် လုပ်စရာတွေအများကြီးရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး