Attention

Khun Gamani ဟိုတနေ့က အမေရိကန်ရုပ်ရှင် ဗမာစာတန်းထိုးတကား ကြည့်လိုက်ရတယ်။ စစ်ကားဆိုတော့ စစ်သားတွေ အထက်အရာရှိလာလို့ အလေးပြုတဲ့အခန်းမှာ Attention လို့ အော်တာကို စာတန်းထိုးမှာ (အာရုံစိုက်ပါ) လို့ ပေါ်လာတယ်။ (သတိ) လို့ ဘာသာပြန်ရမှာ။ စိတ်ကိုညစ်ရော့

ကျွန်တော် မြန်မာပြည်က တီဗွီတွေ၊ ဗွီစီဒီတွေနဲ့ လက်လှမ်းမမီပါ။ စာအုပ်သစ်တွေနဲ့လည်း လက်လှမ်းဝေးပါတယ်။ အဲတာကံကောင်းသလိုဖြစ်နေတယ်။

မပေါင်းလည်းခက် ပေါင်းလည်းခက်ကတော့ ကျော်ခဲ့ပြီ။ ကျန်သေးတာက မဖတ် မကောင်း၊ မကြည့် ကောင်း၏။ မြန်မာစာ ယူနီဖောင်း ကျွတ်ပါစေသတည်း။ အာရုံစိုက်ပါ။ သတိပြုပါ။ အလေးပြုစရာမလိုပါ။

ဒေါက်တာတင့်ဆွေ
၂- ၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး