မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, December 2, 2016

Baby Questions ကလေးအတွက် မေးခွန်းများ

ဆရာခင်ဗျာ။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို effect ဖြစ်စေပါလားဆရာ။ ဥပမာ မိခင်က မျှစ် -မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီးစားလို့ ကလေးကို နေမကောင်းတာတခုခု ဖြစ်စေတာမျိုး၊ အဆိပ်အတောက် ဖြစ်စေတာမျိုး။ မိခင်က paracetamol, burmeton သောက်လို့ ကလေးကို effect ဖြစ်စေတာမျိုးတွေ ရှိပါလားဆရာ။ နောက်တခုက မိခင် ပက်လက်လှန် အိပ်လို့ နို့ခမ်းစေတာမျိုးဆိုတာရော ဟုတ်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဒီမေးခွန်းမှာ သတ်ပုံတွေမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

မေးကြတယ်။ ယေဘုယျ မိခင်နို့ထဲမှာ နို့သာပါတယ်။ အစားအသောက် ဘာစာစာစား နို့သာထွက်တယ်။ အစား မစားနိုင်တာတောင် နို့ထွက်နိုင်တယ်။ ဆေးတချို့ကတော့ နို့ထဲရောက်တယ်။ ဆေးတခုချင်းကိုပြောရတယ်။ မိခင်သွေးထဲမှာ ကူးစက်ပိုး ဥပမာ HIV နဲ့ အသည်းရောင် ဘီပိုး ရှိနေရင် နို့ကနေတဆင့် ကလေးကိုကူးစက်နိုင်မှု ပိုနိုင်တယ်။ အစားအသောက်မှာ မေးခွန်းထဲပါတာတွေကို ဆေးသုတေသနမလုပ်လို့ မဟုတ်ပါဘူးပြောရင် အစွန်းတော့ မလွတ်ပါ။ မိခင်အနေအထားကြောင့် နို့ နည်း-များ မဖြစ်စေပါ။ နို့ထွက်စေဘို့ ဦးနှောက်အောက်ခြေက ထုတ်ပေးနေတဲ့ ပရိုလက်တင်ဟော်မုန်းကလုပ်ပေးနေတာဖြစ်တယ်။ ဟော်မုန်းနည်းရင် နို့ထွက်နည်းမယ်။ ပရိုလက်တင်ဟော်မုန်းများတဲ့သူ အိမ်ထောင်မပြုဘဲ နို့ရည်ထွက်တယ်။

နောက်တယောက်လည်း တပြိုင်တည်းမှာမေးပါတယ်။

လသားခလေးတွေနဲ့ပါတ်သတ်လို့ တချို့အယူအဆတွေကြားနေရတာ မှန်မမှန်သေချာမသိရတာမို့ မေးပါရစေရှင့်။
ကျွန်မခလေးကခုဆို၂လနဲ့၉ရက်သားပါရှင် ခြေထောင်ကိုပြင်ခိုင်းကြပါတယ်။ မပြင်ရင် ခွင်မယ်လို့ပြောကြပါတယ်။ ဟုတ်မဟုတ်ဖြေပေးပါရှင်။ ခလေးခြေထောက်ကို ရမ်းသမ်းလုပ်မိရင် ပိုဆိုးမှာစိုးလို့ပါ။ နောက်တစ်ခုက ခလေးတွေကို ဂတုံးရိတ်ပေးတာပါ မရိတ်ပေးရင် ခေါင်းလေးတယ်ဆိုတာဟုတ်ပါသလားဆရာ။ ပီးတော့ ၃-၄ ရက်နေမှ ဝမ်းသွားရင် ခလေးဘာဖြစ်လို့ပါလဲ။ မိခင်ကဆေးအစား မန်ကျည်းဖျော်ရည်လိုမျိုး သောက်ရင်ရော ရပါသလားရှင်။ ဖြေပေးပါဦးဆရာ။ သားသားမမွေးခင်ကရော သိချင်တာတွေကိုမေးမြန်းဖူးပါတယ်။ ဂရုတစိုက် ဖြေကြားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ရှင်။

ဒီမေးခွန်းမှာ (ကလေး) လို့သာရေးရမယ်။ (ခလေး) မဟုတ်ပါ။ (နောက်တခုက) လို့သာရေးရတယ်။ (ပြီးတော့) လို့သာ ရေးရတယ်။

ကလေးခြေ-လက်ကို ပြုပြင်စရာ မလိုပါ။ လိုတဲ့ကလေးရှိနိုင်တယ်။ ကလေးအထူးကု (သို့) အရိုးအထူးကုဆရာဝန်က စမ်းသပ်မှသာသိမယ်။ ကလေးခေါင်းရိတ်တဲ့စာ ဖတ်လိုက ဖတ်ပါ။

ဖတ်စရာများ -
• Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
• Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
• Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
• Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
• Breastfeeding linked to higher IQ မိခင်နို့တိုက်လျှင် ကလေးဥာဏ်ရည်မြင့် http://doctortintswe.blogspot.com/2015/03/breastfeeding-linked-to-higher-iq.html
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
• Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
• Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
• Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
• Newborn baby ကလေးမွေးတော့မယ်ဆိုရင် http://doctortintswe.blogspot.com/2014/10/newborn-baby.html
• Shaving Baby's Head ကလေးခေါင်းရိတ်သင့် မသင့် http://doctortintswe.blogspot.com/2016/11/shaving-babys-head.html
• Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
• Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ http://doctortintswe.blogspot.com/2015/03/weaning.html
• နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလည်း http://doctortintswe.blogspot.com/2016/02/why-cant-we-give-water-to-breastfeeding.html

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.