ရာ နဲ့ ယာ

၁။ အိမ်ယာလား၊ အိမ်ရာလားခင်ဗျာ

၂။ ဆရာ ကျမအသက်က ၃၅ ထဲမှာပါရှင်။ ကလေးလိုချင်ပါတယ်။ ယာသိလည်းပုံမှန်လာပါတယ်ရှင့်။ လဆန်းပိုင်းမှာ ယာသီဖြစ်ပါတယ်ရှင့်။ (ရာသီလို့ ရေးရတယ်။)



အိမ်ရာတည်ထောင် အိမ်ထောင်ရာဘက် အိမ်နဲ့ယာနဲ့

ရာ
ကဗျာကရာ
ကိန္နရာ
ခိုးရာပါပစ္စည်း
ခု-ဆယ်-ရာ-ထောင်
ဆိုရာ၏၊
ဇီရာပင်
ဖွယ်ဖွယ်ရာရာ
ကြယ်တာရာ
မက္ခရာမင်းသား
မဟူရာ
မအပ်မရာ မပြောရ
မရေမရာ
မြတ်ဆရာ
ရာဆူ (ရာဇူ) = ဆွဲချိန်ခွင်
ရာဇဂုဏ်
ရာဇဒဏ်
ရာဇနိတိ
ရာဇပလ္လင်
ရာဇဂြိုဟ်
ရာဇဝင်
ရာဇဝတ်အုပ်
ရာဇသတ်ပုဒ်မ
ရာဇသင်္ကြန်အမတ်
ရာထူးရာခံ
ရာမမင်း
ရာပြတ်
ရာသီ (အချိန်အခါ)
ရာသီဥတု
ရာသီလာနေသည်
ရာဟုဖမ်း
ရာဟုလာ
ရာဇောဝါဒ
သံသရာ
သနားစရာ
ဟုတ်တိုင်းမှန်ရာ
အမရာဒေဝီ
အရာခံဗိုလ်
အရာရှိ
အရာရာ
အလိုရှိအပ်သော
အိမ်ရာတည်ထောင်
အိမ်ထောင်ရာဘက်
အကြောင်းအရာ
အရေးပါအရာရောက်
အရေးအရာ
ဧရာဝဏ်ဆင်
ဧရာဝတီ
မွေ့ရာ
ပြောရာ၏
ဝေဿန္တရာ

ယာ
ကွမ်းတရာ
ခယာ
တူရိယာ
ပစ္စယာ
ဖုန်းတောင်းယာစကာ
ကြိယာ
ဘယာကြော်
မယ်တော်မာယာ
မာယာများသော
ယာဂုဆွမ်း
ယာမာနတ်ပြည်
လက်ယာ
လယ်ယာကိုင်းကျွန်း
ဝါယာမစိုက် (ဝါယမစိုက်)
သင်္ခယာမင်း
သမဝါယာမ (သမဝါယမ)
သာယာဝတီမြို့
သာသာယာယာ
အရိယာသူတော်စင်
အရိယာပုတ်
ဥပါယ်မာယာ
တောင်ယာအလုပ်
အိမ်နဲ့ယာနဲ့

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး