ဆထက်ထပ်ပိုး

Phyu Phwe ဆတက်ထမ်းပိုး နဲ့ ဆထက်ထမ်းပိုး ဘယ်ဟာအမှန်ယူရမလဲ ဆရာ။ နှစ်မျိုးလုံးသုံးနေကြတာ တွေ့နေရလို့ပါခင်ဗျာ။

- ဆတက်ထမ်းပိုးလို့ရေးတာ မှားတယ်။ အွန်လိုင်း မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ဆတက်ထမ်းပိုးလို့ ရေးထားတယ်။ မှားတယ်။
- ဆထက်ထပ်ပိုးလို့ ဟိုအရင်ကတည်းက သုံးခဲ့ပါတယ်။
- ဆထက်တံပိုးလို့လည်း အရင်က သုံးခဲ့တယ်။
- ဆထက်ထမ်းပိုးဆိုတာက နောက်မှသာ သုံးလာတာဖြစ်တယ်။


ချိန်ဆသည်
ဆတတလုပ်နေသည်
ဆတူ
ဆထက်ထပ်ပိုး
ဆမာ = မြေ၊ ဒေသ အရပ် (ပါဠိ)
ဆရာ (ဆြာက ရှေးသုံး)
ဆရာဝန်
ဆလတ်ရွက်
ဆလိမ်အက္ခရာ
ဆဝိကလျာဏ = အရေ၏ကောင်းခြင်း (ပါဠိ)
ဆနွင်းမကင်းမုန့်
တဆတိုး (တစ်ဆတိုး မဟုတ်)
ကြံဆသည်
မှန်းဆ
အဆပေါင်းများစွာ
တွေးတွေးဆဆ
နှစ်ဆပွါး
နှိုင်းဆသည်

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး