ပြည်ထောင်စုနေ့ ကျင်းပမယ်

ကျွန်တော် ၁၉၉ဝ ခုနှစ်အကုန်မှာ ပြည်ပကိုထွက်ရကတည်းက ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တိုင်း ပြည်ထောင်စုနေ့ အခန်းအနား ကျင်းပခဲ့ပါတယ်။ ပြည်တွင်းမှာ ဖွဲ့စည်းပုံအသစ်အတည်ပြုကတည်းက နိုင်ငံတကာအထောက်အကူတွေ မပေးတော့တာနဲ့ နိုင်ငံရေးထဲမှာ တက်တက်ကြွကြွလုပ်ကြသူတွေလည်း နည်းသထက်နည်းလာလို့ အိန္ဒိယမှာနေခဲ့ရတဲ့ နောက်ဆုံး ၃-၄ နှစ်မှာ ပြည်ထောင်စုနေ့ကို မကျင်းပနိုင်တော့ပါ။ အခုနေရာရောက်တာလည်း ၂ နှစ်ပြည့်ပြီ။

ကနေ့တော့ BACI ခေါ် (မြန်မာ-အမေရိကန် ကွန်မြူနတီ အင်ဒီယာနာ) ကနေ ပြည်ထောင်စုနေ့ကျင်းပဘို့ တိုင်ပင်တဲ့ ကနဦး အစည်းအဝေးတက်ရပါတယ်။ အခုလိုပြည်တွင်းမှာ စည်းလုံးရေးခက်ခဲနေတဲ့ကာလမျိုးမှာ ပြည်ထောင်စုနေ့ ကျင်းပတာဟာ ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။

ပုံတွေ = ကနေ့အစည်းအဝေး၊ ၁၉၉၁ အိန္ဒိယနိုင်ငံ၊ အိုက်ဇောမြို့မျာ ပဌမဆုံးကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့နဲ့ နယူးဒေယီမှာ စင်ပြိုင်အစိုးရကနေဦးစီးကျင်းပခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ပြည်ထောင်စုနေ့

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး