မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ
Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014
How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။
Monday, December 19, 2016
ကျိ နဲ့ ကြည့်
မင်းရှင်းလုပ်တာတခုက ဖတ်ကျိ လို့ရေးတယ်။ ဖတ်ကြည့်လို့သာ ရေးရမယ်။ ကျွန်တော့်မှာ မင်းရှင်းလာတိုင်း ခေါင်းရှုပ်ရတယ်။ သူတို့အချင်းချင်းသာ စာတွေရေးနေကြပြီး ပို့စ်တင်သူကို အကောင်း-အဆိုး ဘာတခွန်းမှ မပြောကြပါ။ ကိုယ့်ခြံထဲလာပြီး ကကြဆိုကြတာကို မကြည့်လဲမြင်နေရတာနဲ့တူတယ်။
ကျိကျိတက်ချမ်းသာသူ
ကျိချွဲသည်
ငန်ကျိကျိ
စိတ်နောက်ကျိ
ပက်ကျိ
ယားကျိကျိ
အကျိအချွဲ
ချောကျိကျိ
ကြည့်
တန့်ကြည်တောင်
ကြည့်ရှုသည်
ကြည့်မျှော်သည်
အကြည့်တန်
တောင်ကြည့်မြောက်ကြည့်
ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၆
Attention! အာရုံစိုက်ခံချင်ကြသလား
Pa Pa Pyae Sone Aung ဖတ်ကျိကျိ .… တစ်ခုခုဆို အရက်ပြန်ထည့်မယ်ဆိုတဲ့လူကြီးး
အဲတာကိုတော့ အားနာလို့ ရေးတဲ့သူနာမည်မထည့်ပဲ ကျိ နဲ့ ကြည့် ရေးပြီးပြီ။ အခုတော့ အဖော်တွေရှိလို့ နာမည်ပါ ထည့်မယ်။ ကျိဆိုရင် ပက်ကျိပဲ အရင်မြင်တယ်။
Htein Lin တချို့က သိပေမယ့် အဲဒီလိုရေးရတာကို အရသာတမျိုး။ လူအများ အာရုံစိုက်ခံရတာမျိုး ထွင်နေကြတာ ထင်ပါတယ်ဆရာ။ ဥပမာအားဖြင့် ကွကို၊ မွင်းခါး အစရှိသည်။
ဟုတ့့် (ကွကို) လို့ရေးရင် ဆရာဝန်ဆိုတော့ ရောဂါပဲမြင်တယ်။ ဂနိုးရီးယားရောဂါရှိသူဟာ ပုဆိုးမကပ်နိုင်လို့ ကုန်းကွ သွားနေရတယ်။
Swe Aye Maung Clawdious ForceEdge Knight ဖတ်ကြည်လတ်အူး
(လတ်အူး) ကို ပြောရမှာ ကန်တော့ပါနဲ့စရမယ်။ ဟိုက်ဒရိုဆီး ခေါ် မုတ္တရောဂါကိုပဲ မျက်စိထဲမြင်မိတယ်။
(မွတ်ငါး) လို့ရေးသူတွေတော့ ရခိုင်အရေးအခင်းမှာ ကျသွားကြပြီ။ Smile!
ဒေါက်တာတင့်ဆွေ
၂ဝ-၁၂-၂ဝ၁၆
No comments:
Post a Comment
Note: Only a member of this blog may post a comment.