တကမ္ဘာလုံး
တကယ်အမှန်
တကဲ့အဟုတ်
တကျပ်၊ ကျပ်တဆယ်၊ ကျပ်တရာ
တခိခိရယ်
တခိုင်တထွေ (တစုတခဲ)
တခဲနက်
တဂတ်ဂတ်မည်သံ (ဘဲ)
တစတစ
တစမလပ် (အငြိအစွန်းမရှိ)
တစာစာအော်
တစိတ်တဝမ်းတည်းဟူသော
တစိမ့်စိမ့်
တစိုးတစိ
တစုတရုံးတည်း (တစုတဝေးတည်း)
တစုတဝေး
တဆိတ်စာ
တညီတညွတ်
တထီးလွှားလွှား (ဆင်းရဲပင်ပန်းစွာ အားတိုက်ပြုခြင်း)
တထူး (တပါး၊ တခြားသော)၊
တပင်တိုင် (တိုင်တခုတည်း ပြုလုပ်ထားသော အရာဝတ္ထု)
တပင်တိုင် မင်းသမီး
တပင်တိုင် မုန့်ဟင်းခါး
တပင်တိုင် မြနန်း
တပင်တိုင်ဝါး
တပင်တိုင်အက
တပင်ရှားရှား (ပြာရီးပြာရာ၊ သုပ်သီးသုပ်ပြာ)
တပို့တွဲလ
တပိုတပါး (အခြားတပါးနေရာ၊ ဆီးဝမ်းသွားခြင်း)
တပဲ (အတူတူ)
တဖက်သတ်
တဖင့် (ခြားနားခြင်း)
တဖွဲ့တသင်း၏
တဖုဿ (ထိုထိုသောအရာကို တွေ့ကြုံသောသူ)
တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်
တမှုံမွှားမွှား (အထပ်ထပ်အပြန်ပြန်)
တမဂ်တဖိုလ်
တမ္ပဒီပကျွန်း (သဖန်းသီးအရောင်ကဲ့သို့ နီမြန်းသောမြေရှိသောကျွန်း)
တမန် (မင်းအရေး နှံ့စပ်သူ)
တမွတ် (အမြတ်အဖျား)
တမလွန် (သေသည်မှ နောက်ဘဝ)
တမုတ်ဆိုး (သစ်ခေါက်ဆိုး)
တမုဟုတ်ခြင်း
တမျိုးဘာသာ တစိတ်တဒေသ၏
တမျိုးဘာသာ တစိတ်တဒေသ၏၊
တယူသန်
တပြာ (တုတ်၊ ကြိမ်လုံး၊ လှင်တန်)
တပြိုင်နက်
တပြူး (တရှဉ်း၊ တစုံ)
တဖြည်းဖြည်း
တရံတဆစ် (တခါတလေ)
တရံတဖန်
တရံရောအခါက
တရတည် (တူသောသဘောရှိသည်)
တရှက် (ရောယှက်သည်)
တရားခံ
တရားတဘောင်
တရားလို
တရုပ်စကားပင်
တရုပ်တရက်
တရုသာစည် (စည်ကားသောသစ်ပင်)
တလင်း (ညီညာသောမြေအပြင်)
တလည်လည် (အဖန်ဖန်တလဲလဲ)
တလိုင်းလူမျိုး
တလျားလျား
တလွှား (အရပ်ရပ်အနယ်နယ်)
တလနှင့် တရက်သော၊
တသက်လျာ (တခဏ)
တသင်း (အပေါင်းများစွာ)
တသမတ် (ပိုင်းခြားရပ်တန့်ခြင်းမရှိ)
တသွန် (အကြွင်းမရှိ၊ အကုန်အစင်)
တသီးတခြား
တသုန် (တစုတရုံး)
တကောင်းမြို့
တချောင်းချောင်း
တစေ (အမြဲဧကန်)
တထောက်ပတ်ပတ် (အဖန်ဖန်လုံ့လပြုခြင်း)
တပေါင်းတစည်းတည်း
တပေါင်းတစုတည်း
တပေါင်းလ
တယောက်မကျန်
တယောထိုး
တပြောင်းတပြန်
တရွေ့ရွေ့သွား
တရှောင်ရှောင်
တရော်ကင်ပွန်း
တသွေးတသား တမိဘ
တသွေးတသားတည်း
တသွေ့သွေ့
တအေးအေး
တအောက်မေ့မေ့
မည်သူတဦးတယောက်
တဖွဲ့တသင်း
သူတထူး
အများတကာ (အများ၊ များစွာ)
အမြဲတစေ
ကောင်းပေစွတကား
အေ = တခု၊ တကောင်၊ တယောက်

တတောဝင်ထွက် တကုန်းတက်၍ တတောင်ကိုကျော် တပင်မှာနားသော်

ကြွက်သေတခုအရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်ကို၊ သူ့ထက်လွန်ကဲ ကြိုးစေမင်း။

သူတည်းတယောက် ကောင်းဘို့ရောက်မူ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း

ဟို့ တခါက လေးနွယ်နှမ မောင်ကြီး မမေ့နိုင်တယ့့် (သီချင်းဆိုရင် တစ်မနေတဲ့ တွံတေးသိန်းတန်)

ဦးဖိုးကျားသည် ကျော်ကြားသောခေါင်းဆောင်ကြီး တဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်း ဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင် ကျောင်းတွင် ဆက်လက်ပညာသင်ကြား

ဟို့ တခါက လေးနွယ်နှမ မောင်ကြီး မမေ့နိုင်တယ့့် (သီချင်းဆိုရင် တစ်မနေတဲ့ တွံတေးသိန်းတန်)
လေးနွယ် - တွံတေးသိန်းတန် https://www.youtube.com/watch?v=CeGUfh_xYdk

ဒေါက်တာတင့်ဆွေ
၁ဝ-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး