စည်း စီး ဆီး ဆည်း

ဆရာ ကျွန်မသမီးလေးက ငိုရင်စည်းခုံက အလုံးကလေးတတ်တတ်လာတယ်။ ကလေးအထူးကုနဲ့ပြတော့ အူကျတာတဲ့။ ပြန်ဖြေပေးပါအုန်းဆရာ။

ဆီးခုံလို့သာ ရေးရတယ်။ ဆီးသွား။ ဆီးအိမ်။ ဆီးအောင့်။

ဆီး
• ဆီးခုံက နာတယ်။
• ဆီးချုပ်နေပါသလား။
• ဆီးချိုရောဂါ စစ်ထားပါ။
• ဆီးချူပေးမယ်။
• ဆီးစပ်မှာ အလုံးရှိနေတယ်။
• ဆီးတန့်ထားလို့ ဆက်သွားမရပါ။
• ဆီးဖြူသီးစားမလား။
• ဆီးဝမ်းလေ မှန်ပါသလား။
• ဆီးသီးကောင်းကောင်းစားချင်တယ်။
• ဆီးနှင်းတွေ ကျနေတယ်။
• တားဆီး ပိတ်ပင်ထားသည်။
• လူဆိုးကို ဖမ်းဆီးပါ။
• သင်္ကန်းဆီးပေးပါ။
• ဧည့်သည်ကို ဆီးကြိုပါ။

ဆည်း
• ဆည်းကပ်သည်။
• ဆည်းလည်းသံ သာယာသည်။
• ညနေဆည်းဆာ၊
• ပညာဆည်းပူးပါ။
• အရုဏ်ဆည်းဆာ၊
• နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။
• ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။

စည်း
• စည်းကမ်းရှိပါ။
• စည်းမျဉ်းထားပါ။
• စည်းစောင့်ရမယ်။
• တင်းတစည်း ဘယ်လောက်လဲ။
• ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ။
• ကြိုးနှင့် စည်းထားပါ။
• ဘဝဆက်တိုင်း ဆုံစည်းချင်တယ်။
• အခွန်စည်းကြပ်မည်။
• အစည်းအဝေး စတော့မယ်။
• ဥစ္စာပစ္စည်း ကုံလုံသည်။
• ရွှေစည်းခုံစေတီတော်။

စီး
• စီးစီးပိုးပိုး မပြောအပ်။
• စီးပွားရေး၊
• တရားဘာဝနာ စီးဖြန်းပါ။
• ရထားပေါ် တက်စီးပါ။
• လှည်းတစီး၊ ကားတစီး၊
• အပျက်အစီး များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး