မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, December 12, 2016

ကန် ကံ ကမ်

Maung Win Medilabtech ဆရာရေ တခုတော့မေးခွင့်ပြုပါ။ ကံတော့လား။ ကန်တော့လားဆိုတာလေးလည်း သိပါရစေ။ ကတော့ဆိုတာက အရည် တွေဘာတွေငှဲ့တာမှာ သုံးတဲ့အရာလို့ သိမိပါတယ်ဆရာ။

ရှိခိုးကန်တော့ကသာ အမှန်ဖြစ်ပါတယ်။ ဆီကတော့အသုံးကို ရှေးကျတဲ့သတ်ပုံစာအုပ်တွေမှာ မပါသေးပါ။

ကန်
ကန်စွန်းပင် (ကစွန်းပင်)
ကန်ဆည်ရွာ
ကန်ရွာ
ကန်ရာသီ
ကန်ဦးကျောင်း
ကန်ကျောက်သည်
ကန်တော့ပလ္လင်
ကန်တော့သည်
ကန်တော်မင်
ကန်ပေါင်ရိုး
ကျားကန်သည်
ကန္နား
ကြည့်ကန်ရွာ
မန်ကျည်းကန်ရွာ
မှန်မှန်ကန်ကန်
ရတုရကန်
လယ်ကန်သင်း
သရုပ်သကန်
ဧဝကန် အမှန်ဖြစ်၏
ခြေနှင့်ကန်သည်
ရေကန်

ကံ
ကံစမ်းမဲ
ကံတရား
ကံကြမ္မာ
ကံကျွေး
ကံကောင်းသည်
ကံဆောင်သည်
ကာယကံ
ကုသိုလ်ကံ
ပရိကံ
မနောကံ
ဝစီကံ
ဝတ္ထုကံမြေ
အကုသိုလ်ကံ

ကမ်
ကမ္ဗည်းထိုး
ကမ္မဋ္ဌာန်း
ကမ္မဇလှုပ်သည်
ကမ္မလာ
ကမ္မဝါ
ကမ္မဝါစက
ကမ္ဘာ
ကမ္ဗောဇကျမ်း (ဆင်)

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.