ဖန် နဲ့ ဘန်

Reader Thu Lay ဆရာ ဝေဖန် နဲ့ ဝေဘန် ဘယ်တခုက အမှန်ပါလဲရှင့်

ကျွန်တော် လေ့လာလို့ရသလောက် (ဝေဘန်) ရော (ဝေဖန်) ပါ သုံးကြပါတယ်။

ဖန်
ကုလားဖန်ထိုးသည်
ချိုချဉ်စပ်ငန်ဖန်ခါး
စကားဖန်ထိုးသည်
တရံတဖန်
ကြိမ်ဖန်များစွာ
ဖန်ခွက်
ဖန်ခါးသီး
ဖန်ခုန်ကစား
ဖန်ဆင်း (ဘန်ဆင်း)
ဖန်တီးသည်
ဖန်ဘူး (ဖန်ဗူး)
ဖန်မှန်
ဖန်ရည်စွန်းသင်္ကန်း
ဖန်ဝန်းနေခြည်
ကြည့်ဖန်များ
မျက်စိဖန်နေသည်
ဝါဖန်သည်
သုံးဖန်လှ (သုံးပန်လှ)
အဖန်ဖန်လုပ်သည်
အလုံးအဖန်ကောင်းသည်
အိပ်ဖန်စောင့်
ဝေဖန် (ဝေဘန်)

ဘန်
ဘန်ချည်ကြိုး
ဘန်တိုဘန်ရှည်
သတ္တရဘန်
ဝေဘန် (ဝေဖန်)

ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု (ထောက်ရှု)၊ ဤခြောက်ခု၊ ကြီးသူကျင့်အပ်စွာ။ (ခေါင်းဆောင်ကျင့်ဝတ် ခြောက်ပါး)

့ ပြောခဲ့တာတွေကလဲ စာပေဝေဖန်ရေးတို့ ကဗျာဝေဖန်ရေးတို့ဆိုတော့ စကားအာဝဇ္ဇာန်းမရှိသူတို့ရဲ့ထုံးစံအတိုင်း သာမန် စာနာကြားသူပရိတ်သက်ကို ငြီးငွေ့စေပါတယ်။ (မောင်စွမ်းရည် )

့ အပြုသဘော ဝေဘန်ချက်ကို အဆုံးသတ်လိုက်ပါတယ်။ (မနာပဒါယီ အရှင်ဝိစိတ္တ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး