မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, December 3, 2016

၁၆ ပဲ တကျပ်

ဉာဏ်ရည်မမီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေတံဆိပ်ရတဲ့သတင်းကို တင်နေကြတာ ဘာသဘောလဲတော့ မသိပါ။ ဆုရတာကို ဝမ်းသာရမှာပါ။ ဉာဏ်ရည်မမီသူချင်း ပြိုင်ကြတာပဲ။ အားနည်းသူတွေကို ဉာဏ်ကြီးသူတွေက သရော်သလိုတော့ မသင့်ပါ။

ကျွန်တော်တို့ငယ်ငယ်တုန်းက ရုံးတွေမှာ ပြူးန် ခေါ် ပြာတာခေါ် ရုံးစေ ခေါ် ရုံးလုလင် အထက်မှာ အောက်တန်းစာရေး ရှိတယ်။ ဘယ်အစိုးရဝန်ထမ်းမဆို ယာယီကနေစခန့်တယ်။ နောက်တော့မှ အမြဲတန်းဖြစ်တယ်။ အောက်တန်းစာရေးတယောက် အမြဲတန်းအောက်တန်းစရေး ခန့်စာရတော့ ဝမ်းသာရလို၊ ဝမ်းနည်းရမလို။ လစာက ၁၂၆ိ၊ ၁၂ ပဲရတယ်။ ၁၆ ပဲ တကျပ်ခေတ်။ (တစ်ကျပ်ခေတ် မဟုတ်ပါ)။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.