မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, December 4, 2016

ပဲ နဲ့ ဘဲ

(ပဲ) နဲ့ (ဘဲ) ကို ကျွန်တော်လည်း မှားတတ်လို့ စေတနာနဲ့ ပြင်လာပေးကြပါတယ်။ (မ) သဘော၊ မရှိ-မဟုတ် သဘော ပါမှသာ (ဘဲ) လို့သုံးတယ်။ မ နောက်က ဘဲ လိုက်သည်တဲ့။

မြန်မာအဘိဓာန်
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။

ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

မြန်မာစာမှာ သိပ္ပံမှာလို ဖေါ်မြူလာတွေက အသုံးမကျတာက များတယ်။ သိပ္ပံမောင်ဝရေးခဲ့တာလေးရှိတယ်။

မောင်ဝဆိုတဲ့ မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလို ရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့က သာသဗျာ့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင်မှ တခါတခါ (တစ်ခါတစ်ခါ  မဟုတ်ပါ) အမှားတွေဖေါက်ဖေါက်လာတယ်။ မောင်ဝဆိုတဲ့ မောင်ဝဟာ ဘယ်လိုဘဲ ထွင်တယ်ဆိုဆို၊ ဘယ်လိုဘဲ အရေးကောင်းတယ်ဆိုဆို၊ ဘယ်လိုဘဲ စိတ်ကူးစိတ်သန်း ကောင်းတယ်ဘဲဆိုဆို (ကောင်းတယ်ပဲဆိုဆို မဟုတ်ပါ)၊ မသေချာတဲ့နေရာမှာတော့ ပထမတန်းဘဲဗျို့။ နို့ပေမဲ့ မွေးကတည်းကပါလာတဲ့ အကျင့်မို့လားမသိဘူး၊ ဘယ်တော့မှ ပြင်လို့မရဘူး။ သေသည်တိုင်အောင် ဖြစ်ကတတ်ဆန်းသမားဖြစ်သွားမဲ့ မောင်ဝပါဘဲဗျာ။ (၁၁-၁ဝ-၁၉၃၇)

သိပ္ပံမောင်ဝရေးတာကို မြန်မာ့စွယ်စုံကျမ်းမှာဖေါ်ပြထားတဲ့အတိုင်း ကူးရေးတာပါ။ မြန်မာ့စွယ်စုံကျမ်းမှာပဲ ပထမ နဲ့ ပဌမ နှစ်မျိုးလုံး တွေ့ရတယ်။ အဲလိုမတူတာတွေက အဓိပ္ပါယ်မလွဲစေပါ။ သမ္မတ နဲ့ သမတ၊ အိပ်ယာ နဲ့ အိပ်ရာ သိပ် အရေးမပါလှပါ။

(တ) နေရာမှာ မလိုအပ်ဘဲ (တစ်) အရေးခိုင်းတာကတော့ နိုင်ငံရေးလုပ်တာဖြစ်တယ်။ (တ) မှားနေလို့နဲ့ ရေးရတာ ခက်ခဲနေလို့ ပြင်တာမဟုတ်ပါ။ ပေါ်လစီအရလုပ်တာဖြစ်တယ်။ မြန်မာစာကို ယူနီဖောင်းဝဆ်ခိုင်းထားတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.