ကျက်သရေ နှင့် ကြက်သရေ

ကျက်သရေလို့ရေးပါသလား ကြက်သရေလို့ရေးပါသလားဆရာ အဘိဓာန်ထဲမှာရော bible ထဲမှာရော ကျက်သရေလို့ရေးထားတာတွေ့လို့
မူကွဲ နှစ်မျိုးရှိတယ်။

ကျက်
ကျက်စားတဲ့နေရာ
ကျက်စာမှတ်စာ
ကျက်သရေရှိသော
ချက်၍ ကျက်ပြီ
စားကျက်မြေ
စာကျက်ပါ
တကျက်ကျက်ရန်ဖြစ်နေကြနဲ့
ထမင်းကျက်ပြီ ဟင်းနပ်ပြီ
ဘုန်းကျက်သရေ
မျက်နှာ ကျက်မိပြီ
ရင့်ကျက်ပါ
ရွာ့ကျက်သရေ
သူစိမ်းသူကျက်
အသံ ကျက်မိပြီ
အုတ်အုတ်ကျက်ကျက်။
ရေကျက်အေး
လေ့ကျက်ပါ
နွားစားကျက်

ကြက်
ကားကြက်တင်
စံပယ်ကြက်ရုံး
တည်ကြက်
တိုက်ကြက်။
ကြက်ခွပ်လှိုင်း
ကြက်ခွပ်နေသည်
ကြက်ငှက်တုပ်ကွေး
ကြက်ဆုတ်ခွပ်ပစ်
ကြက်ဆူး
ကြက်ဆူသီး
ကြက်ညှာချောင်းဆိုး
ကြက်တက်ရည်
ကြက်တွန်သံ
ကြက်တူရွေးငှက်
ကြက်ပျံမကျစည်ကား
ကြက်ဖ
ကြက်မတမ်း
ကြက်မအုပ်ပင်
ကြက်မျက်သင့်ရောဂါ
ကြက်ရင် (အဆောက်အဦ)
ကြက်ရင်းရွာ
ကြက်ရုန်းပန်း
ကြက်လျှာစွန်း
ကြက်သွန်နီ
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ
ကြက်သဟင်းပင်
ကြက်သီးမွေးညင်းထ
ကြက်ဟင်းခါးသီး
ကြက်ဥ
ကြက်တောင်စည်း
ကြက်တောင်ပြန်
ကြက်ပေါင်စေး
ကြက်ပျောက်ငှက်ပျောက်
ကြက်ခြေခတ်
ကြက်ခြေနီအသင်း
မျက်နှာကြက်။
ဖြန့်ကြက်ထားပါ
ဖြန့်ကြက်ထားသည်
အိမ်ကြက်ချင်း အိုးမဲသုတ် မခံပါနဲ့။
တောကြက်
ရွှေကြက်ယက်

မြန်မာအဘိဓာန် စာမျက်နှာ ၂၅
ကျက်သရေ - အသရေနှင့်အတူတူ။ (မွန်၊ ကျောက် + သ၊ ဂြီ)

မြန်မာစာလုံးပေါင်း အဘိဓါန်ချုပ် ခေါ် မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်။ စာမျက်နှာ ၂၈
ကျက်သရေ - (မွန်) ကျက်သရေမှာ ရှေးပညာရှိတို့ရေးထားခဲ့သည့် ကျောက်စာများမှာ အပင့်သာရှိသည်။ သက္ကရာဇ် ၁ဝ၉ဝ ကျော်၊ ကန်တော်မင်းကျောင်း မေတ္တာစာအဖြေမှာ ကြက်သရေခေါ်သည်ကား။ ကြက်၌တည်သော သရေဆိုလိုသည်ဟုရေးထားသည်ကို အဟုတ်အမှန်ထင်၍ ကြက်သရေကို ရရစ်နှင့်ရေးမှတ်ကြသတည်း။ ကြက်ဟူ၍ခေါ်ဝေါ်ခြင်းအကြောင်း (ဝေါဟာရလိနတ္တဒီပနီကျမ်း)

ပုံတောင်နိုင် မော်ကွန်း
ပွင့်သောပြည်လုံး၊ ထက်ဝန်းကျုံးလျှင်၊ လက်ရုံးဆန့်ထောင်၊ ဘုန်းတော်ရောင်ဖြင့်၊ ရန်မှောင်ပယ်ခွင်း၊ ပြောင်ပြောင်ဝင်းမျှ၊ ထွန်းလင်းကြက်သရေ၊ နေမင်းဆွေ၏၊ အောင်မြေပွဲကြီး၊ ဟုတ်တိုင်းချီးပိမ့်၊ ငါးစီးရှင်မျိုး၊ သတိုးဓမ္မ၊ ဘေးတော်ဘလျှင်၊ အဝရွှေနန်း၊ မြန်းဦးသော်က၊ သာကီယတို့၊ နွယ်စမင်းချည်း၊ တစပ်တည်းဖြင့်၊ ခမည်းတော်နောက်၊ ခြောက်ဆယ်ရောက်ဝယ်၊ ရှိန်တောက်တန်ခိုး၊ မိုးနှယ်ကြိုးမျှ၊ လွှမ်းစိုးခိင်းဖြီး၊ ရည်တိုင်းပြီးသည်။   ။ စောထီးနရပတိတည်း။

ကဝိဓဇသတ်ပုံကျမ်း၊ စာမျက်နှာ ၃၆ ကြက်သရေ
ရှေးကျောက်စာတွင် ကျက်သရေဟုရှိ၍ နောက်လူများ အဟုတ်ထင်မှတ်ပြီးလျှင် ရေးနေကြကြောင်း ဝေါဟာရလိနတ္ထ ဆရာဆို၏။ ၎င်းဆရာသည် ယပင်းကျက်ကိုမသုံးမူ၍ ကျမ်းဦးပဏာမ၌ မြတ်သောအစိုးရခြင်း၊ ဘုန်းကြက်သရေနှင့် ပြည့်စုံတော်မူသောဟု ရရစ်ကြက်ကိုပင် သုံးထားတော်မူ၏။ သက္ကရာဇ် ၈ဝဝ ကျော်လောက်မှစ၍ ပညာရှိ အဆက်ဆက်တို့သည် သဒ္ဓါဟူက မကင်းရ၊ ပဝတ္တနိမိတ်နှင့်။ ဗျုပ္ပတ္တိမှာ အရရှာ၊ ကြိယာဖြစ်သင့်ဟူသော နိယံနှင့်အညီ၊ ရရစ်ကြက်ကိုသာ အသုံးပြုတော်မူသည်ကိုတွေ့ရ၏။ ထိုသို့ဗြဟ္မာမင်း၏မျက်စိကဲ့သို့ မြင်တော်မူကြကုန်သော ရှေးပညာရှိတို့သည် ကျောက်စာအရေးအသားကို မမြင်ကြမည်မဟုတ်၊ မြင်တော်မူကြမည် အမှန်ပင်တည်း။ ကျွန်ုပ်တို့ကဲ့သို့ ဖြုတ်မျက်စိဖြင့်ကြည့်၍ အဆိုပါပုဂ္ဂိုလ်တို့၏ ရေးထုံးရေးနည်းကို ဖျက်ပြင်ရန်မဝံ့ပါကြောင်း။

ပါဠိ-မြန်မာအဘိဓာန်မှာ
သိရိ = ဘုန်းကြက်သရေ၊ ကြက်သရေမင်္ဂလာ၊ တင့်တယ်ခြင်း လို့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး