ရိတ် နဲ့ ရိပ်
မင်္ဂလာပါဆရာ ကြာမျိုးငါးပါးထဲက ကြာပုဏ္ဍရိက်ကို ကသတ်နဲ့ရိက်ထားတာတွေ့မိလို့ပါရှင်။ ရိပ် ရိတ် ရိက် အသုံးလေးတွေကိုလည်း ပြောပြပေးစေချင်ပါတယ်ဆရာ။
ရိတ်
စပါးရိတ်သည်
စားရိတ်ကုန်ကျငွေ
ပရိတ်ချည်၊ ပရိတ်ကြီး၊ ပရိတ်ရွတ်၊ ပရိတ်အိုး
မြက်ရိတ်
ရိတ်ဖြတ်သည်
ရိတ်လှီး
ရိတ်သိမ်းသည်
ခေါင်းရိတ်သည်
ရိပ်
မျက်ရိပ်မျက်ကဲ
ရိပ်ကာသီကာပြောသည်
ရိပ်ခနဲမြင်လိုက်သည်
ရိပ်စားမိပြီ
ရိပ်တိပ်တိပ်
ရိပ်ဖမ်းသံဖမ်းတော့သိသည်
ရိပ်ငြိမ် (ပျော်စံရိပ်ငြိမ်)
ရိပ်မြုံ
ရိပ်မိပြီလား
ရိပ်ရိပ်လှီး
ရိပ်သာ
ရိုးတိုးရိပ်တိတ်
ရိုးရိုးရိပ်ရိပ်
အရိပ်နိမိတ်
အရိပ်ပြ အကောင်းထင်
အရိပ်အကဲသိပါ
အရိပ်အာဝါသကောင်းသည်
အရိပ်အယောင် မမြင်ရ
စောင်းပါးရိပ်ခြည် ပြောသည်
ဆွေရိပ်မျိုးရိပ်
ရိက်
ရိက္ခာ
ပုဏ်
ပုဏ္ဍရိက်ပင်
ပုဏ္ဍရိက်ကြာ
ပုဏ္ဏကတိုက်
ပုဏ္ဏား
ပုဏ္ဏားကွယ်
ပုဏ္ဏားတိုင်
ပုဏ္ဏေးမ
ကောက်ပင်ရိတ်လှီးစကား = ကောက်ပင်ကို လက်တဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှစပါးကို ရသကဲ့သို့ သူဆိုသော စကားမိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း၊ (စကားကြီးဆယ်မျိုး)
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ (အနန္တသူရိယ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment