စက် နဲ့ ဆက်

စက် နဲ့ ဆက်

၁။ ကျွန်မအသက်က ၃၅ နှစ်ပါဆရာ။့ ဂွမ်းတံနဲ့ကြပ်လည်းမရပါဘူး။ ဘယ်ဖက်နှာခေါင်းကိုညစ်မှပွင့်ပါတယ်။ စက်စပ်နေတာများလားဆရာ။ ဆက်စပ်လို့သာရေးရတယ်။

၂။ ဆရာ ကျွန်မ ကလေးရအောင် ဘယ်လို စက်လက်ပြုလုပ်နိုင်ရင် ကောင်းမလဲဆရာ။ ဆက်လက်လို့သာရေးရတယ်။

၃။ ဆုံးမစာတခုက အိက်ဆက်အနားယူပါလို့ရေးတယ်။ အိပ်စက်လို့သာရေးရတယ်။

ဆက်
ကုတ် (ဂုတ်) ဆက်နာသည်
ဆက် (ဇက်) ကြောတင်းသည်
ဆက်၍ပြောပါ
ဆက်ကပ်သည်
ဆက်ကမ်းသည်
ဆက်ခံစိုးစံသည်
ဆက်စပ်
ဆက်ဆံပေါင်းသင်းသည်
ဆက်ဆက်ကြွပါ
ဆက်တိုက်လုပ်သည်
ဆက်ရက်ငှက်
ဆက်လက်ပြုလုပ်သည်
ဆက်ကြေး
ဆက်နွှယ်နေသည်
အဆက်အနွယ်

စက်
ကူးစက်ရောဂါ
စက္ခုအကြည်
စက္ကန့်
စက္ကဝါက် (စကဝက်ငှက်)
စက္ကူ
စက်ကွင်းမလွတ်
စက်ခန်း
စက်ခန်းစက်ဘီး
စက်ချုပ်
စက်ဆရာ
စက်ဆုပ်ဖွယ်ရာ
စက်တင်ပုံနှိပ်
စက်တန့်ရောဂါ
စက်တင်္ဘာလ
စက်ကြိတ်ဆန်
စက်ပုန်းခုတ်
စက်ပုန်းခုတ်
စက်ဘီး
စက်ဝိုင်း
စက်တော်ရာ
စက်တော်ခေါ်
စကြာဝဠာ
စကြာဝတေးမင်း
ဆန်စက်
ဆီစက်
မျက်ရည်စက်လက်

မုန်းဆက်ဆက်မရွယ် (ဗညားဟန် + စိုးစန္ဒာထွန်း) https://www.youtube.com/watch?v=at2YyG61eMU

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး