ပါရမီရှိမှသာ

မုံရွာမှာ စာပေနယ်က ဆရာဆရာမတွေ ဆုံကြတယ်လို့ မောင်ရဲခိုင်နဲ့ မင်းဆွေနှစ်တို့တင်တာတွေ တွေ့ပါတယ်။ ကောင်းတယ်။ ကျွန်တော်ကတော့ ဖေ့စ်ဘွတ်ဇရပ်မှာသာနေရတယ်။ စာပေအထိမလိုက်နိုင်။ သတ်ပုံအကြောင်းပြောရတာ စာရေးဆရာ ကဗျာဆရာတွေနဲ့ပါ ရန်တွေ့ရတယ်။ မြန်မာစာဆရာကြီးတွေနဲ့ အယ်ဒီတာတွေကထိပ်က။

ကျွန်တော်က အာဏာရှင်စနစ်ကိုရင်ဆိုင်နေတာ ၂၆ နှစ်ကြာသူမို့ စာပေနယ်က ယူနီဖေါင်းဝတ်တွေကိုလည်း ရင်ဆိုင်ရဲတယ်။ သတ်ပုံမှားကို ရောင်းစားကြတာတော့ သဘောမတူပါ။ Smile!

စောစောကပဲ ဆရာဆရာမတွေကိုယ်တိုင်က မှားနေတယ်လို့ ပြောသူနှစ်ယောက်ရှိတယ်။ ဒါတင်ဘယ်ကမလဲ သူများ သတ်ပုံတွေလိုက်ပြောနေတဲ့ ကျွန်တော်မှားရေးထားတာတခုကို တယောက်က ထောက်ပြတယ်။ ဟုတ်တယ်။ ဘယ်သူမှ အမှားကင်းကြတာတော့ မဟုတ်ပါ။ မှားမှန်းသိရင် ပြင်ရတယ်။

သင်တာကို တတ်လွယ်သူနဲ့ မှားတာကိုပြင်ရဲသူဆိုတာ သတ္တိသာမက ပါရမီလည်းလိုတယ်။

ပါရမီဖြည့်စမို့ - သင်းသင်းမြတ် https://www.youtube.com/watch?v=VTSeaqB4a-I

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး