စီး နှင့် ဆီး

ရီစရာသဘောရေးတဲ့ ပို့စ်တခုမှာ ယောက်ျားလေးတွေ့ ဘယ်လိုမှတားစီးလို့မရ စသဖြင့်ရေးတယ်။ တားဆီးလို့ ရေးသင့်တယ်။ တားစီးဆိုရင် ကားကြုံ၊ လှည်းကြုံကို တားပြီးစီးတာဖြစ်သွားပါမယ်။

အဲလိုမှားနေသူတွေ မနည်းပါ။ မေးခွန်း နမူနာတခုသာတင်ပြပါမယ်။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီရှင်။ အခုလ ၂၅ ရက်နေ့မှာ ရာသီမလာတော့ပါဘူးရှင့်။ စီးစစ်တန်နှင့်စစ်တာ ကလေးမရှိဘူးပြနေတယ်။ ဘာဖြစ်လို့မပြတာလည်းဆရာ။ သိချင်လို့ပါဆရာ။

ဆီးစစ်လို့ မျဉ်း ၂ ကြောင်း မပြသူမှာ ဆီးစစ်တာက ရက်စောမနေရင် ကိုယ်ဝန်မရှိပါ။ ဆီးလို့ရေးရတယ်။ ဆီးစစ်တံလို့သာ ရေးရတယ်။ ကျောက်တံ။ ခဲတံ၊ ကလောင်တံ၊ မင်တံ၊ စုတ်တံ။

စီး
စီးကျမျက်ရည်
စီးချင်းထိုးသည်
စီးစီးပိုးပိုး မပြောအပ်။
စီးဆင်းသည်
စီးပွါးဥစ္စာ
စီးပွားရေးကောင်းပါစေ၊
စီးမွန်ယည်ရှည် = ရှည်လျားစွာစီးဆင်းသောရေအယဉ်
စီးယိုသည်
စီးဖြန့်ဘာဝနာ
စီတန်းပါ
တရားဘာဝနာ စီးဖြန်းပါ။
ပျက်စီး
ဘတ်စကား စီးသွားပါ။
ဘိစီး
ပြီးစီး
မြင်းစီးသူရဲ
မြင်း-လှေ-လှည်း-ကား-ရထား စီးသည်
ရထားစီးသူရဲ
လှည်းတစီး၊ ကားတစီး၊
အချိန်စီးသည်
အပျက်အစီး များတယ်။
အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်။
စောစောစီးစီး
ရေစီးသည်

ဆီး
ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ။
ကလေးကို သင်္ကန်းဆီးပေးပါ။
ဆီးခုံက နာတယ်။
ဆီးချုပ်နေပါသလား။
ဆီးချိုရောဂါ စစ်ထားပါ။
ဆီးချူပေးမယ်။
ဆီးစပ်မှာ အလုံးရှိနေတယ်။
ဆီးတန့်ထားလို့ ဆက်သွားမရပါ။
ဆီးဖြူသီးစားမလား။
ဆီးဝမ်းလေ မှန်ပါသလား။
ဆီးသီးကောင်းကောင်းစားချင်တယ်။
ဆီးနှင်းကျနေသည်
တားဆီး ပိတ်ပင်ထားသည်။
ထုပ်ဆီးကစားသည်
ပုဆိုးဆီး
လူဆိုးကို ဖမ်းဆီးပါ။
ဧည့်သည်ကို ဆီးကြိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး