မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, January 2, 2017

ပြဌာန်း နဲ့ ပြဋ္ဌာန်း

Myint ဆရာ ပြဌာန်းလား၊ ပြဋ္ဌာန်းပါလားဆရာ။

မြန်မာစာ ဗျည်းအက္ခရာ (၃၃) လုံးထဲမှာ ဌ သာပါတယ်။ ဋ္ဌ မပါ။

၁၃၁၆ (၁၉၅၄) ခုနှစ်ထုတ် ဦးစံချစ်ရေးသားတဲ့ ကဝိဓဇသတ်ပုံကျမ်းမှာတော့
ဌာန်း = ကမ္မဌာန်း၊ ပဌာန်းပါဠိ၊ ပြဌာန်းသည် လို့ပါတယ်။
ဌာန် = ဌာန်ကရိုဏ်း၊ ပြဌာန်း၊ အဓိဌာန်၊ သန္နိဌာန် လို့ပါတယ်။

၁၉၆၂ ခုနှစ်ထုတ် ဦးသာမြတ်ရေးသားတဲ့ မြန်မာစာရေးထုံးကျမ်းထဲမှာတော့
ဌာန်း = ကမ္မဌာန်း၊ ပြဌာန်းသည်၊ ပြဌာန်းချက်စာအုပ် လို့ပါတယ်။

စစ်အစိုးရခေတ်မှာထုတ်ထားတဲ့ မြန်မာအဘိဓာန်စာအုပ်ထဲမှာ ပြဌာန်းရော ပြဋ္ဌာန်းပါ မတွေ့ပါ။ ဌာန၊ ဌာနချုပ်၊ ဌာနေ၊ ဌာနန္တရ၊ ဌာပနာ လို့သာပါတယ်။

ခရီးဆောင်မြန်မာအဘိဓာန်မှာတော့
ပြဋ္ဌာန်း = ပျတ်ထန်၊ ပျာ့ထန် အသံထွက်ကြောင်းပါတယ်။ (ကြိ) ဥပဒေစသည်တို့ကို သတ်မှတ်ပေးသည်။

အရင်တခါတင်တော့ ဒီလိုပြောဆိုကြတာတွေရှိခဲ့ပါတယ်။

Ant Bwe Kyaw ပြဋ္ဌာန်း အမှန်ပါ။

May Nyane တကယ်တော့ ဋ္ဌ က အသတ်သဘောမို့  ပြဋ္ဌာန်းလို့သာ သိခဲ့တာပါ။ အတော် ခေါင်းစားစရာပါ။

Nay Min Ni ရှေ့မှာ စာလုံးပါနေရင် ဋ္ဌ ဖြစ်တယ်။ ဥပမာ ပြဋ္ဌာန်း။ ပြဋ္ဌာန်းမှာ ပျတ်လို့အသံထွက်ရတယ်။ အစဆုံးရေးရင် ဌ ဖြစ်တယ်။ ဥပမာ ဌာန။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၆
၂-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.