ဆီ နဲ့ စီး

မင်္ဂလာပါရှင် သမီးအသက် ၂၆နှစ်ပါ၊ အပျိုပါရှင့်။့ ချုပ်ရိုးကနာတယ်။ တချက်တချက်ကိုက်တယ်။ ယားတယ်။ ဒီလကြတော့ ခါးပါနာလာတယ်။ ခွဲပြီး၂လပြည့်ထဲက ဆိုင်ကယ်ဆီတယ်။ ခုကြတော့ ဆိုင်ကယ်ဆီရတာရော ထိုင်ရတာရော အဆင်မပြေဘူး။ ခါးကလည်းနာတယ် ချုပ်ရိုးကလည်းနာတယ့့်

ဒီမေးခွန်းကို တခြားနေရာသွားနေရင်းတွေ့လို့ ဖြေလိုက်ပြီးပြီ။ အိမ်ပြန်ရောက်ကတည်းက မေးခွန်းကို ပြန်ရှာတာ ၃ နာရီလောက်ကြာမှ တွေ့တယ်။ (စီး) လို့ရေးရမှာကို ဆိုင်ကယ်ဆီတယ်နဲ့ ဆိုင်ကယ်ဆီရတာရောလို့ (ဆီ) ကို နှစ်ခါတိတိ ရေးတော့ စာရိုက်လွဲတာတော့ မဟုတ်လောက်ပါ။ သတ်ပုံကို မှားနေတာ။ နီးနီးစပ်စပ်တောင်မဟုတ်အောင် မှားနေတာ။

ဆိုင်ကယ်စီးလို့သာ ရေးရတယ်။ ဆိုင်ကယ်ကို ဓါတ်ဆီထည့်ပြီး စီးပါ။

ဆီ
ဆီချက်ခေါက်ဆွဲ
ဆီဆုံ
ဆီပွတ်ကျည်ပွေ့
ဆီမီးမြင်းမိုရ်ပွဲ
ဆီပြန်ဟင်း
ဆီလည်ရေလည်
ဆီသတ်ပြီးချက်ပါ
ဆီဦးထောပတ်
ဆီချေး
ဆီကြော်မုန့်
ဆီလျော်အောင်ရေးပါ
ဓါတ်ဆီ
ပဲဆီ၊ နှမ်းဆီ
ရေနံဆီ

စီး
ကမ္မဋ္ဌာန်းစီးဖြန်း
ကားစီးသည်
လှည်းတစီး
စီးပွားဥစ္စာ
စီးပွားရေး
စီးပိုးပြောဆိုသည်
ဆိုင်ကယ်စီး
တက်စီးပါ
ပျက်စီးသွားပြီ
ရထားစီးမလား

မြန်မာစာ ဆီချေးတွေဝေ့နေတဲ့ ရေစီးထဲမှာ မြောပါနေသည်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး