ရှိ

ညမအိပ်မီမှာ ရေးကြတာတွေ့တယ်။ ဘုရားရှစ်ခိုးပြီး အိပ်တော့မယ်တဲ့။ မှားနေတယ်။ ဘုရားရှိခိုးလို့သာ ရေးရတယ်။

ရှိ
ကိုယ်၌ရှိလည်း
ဂုဏ်ရှိ
တူညီသောအနက်ရှိသည်
ပညာမျက်စိ မြင်မရှိ
ပညာရှိ
မရှိဝန်တို
မရှိနှိုင်အင်
ရှိခိုးပါ၏
ရှိခိုးပူဇော်
တောင်ရှိဟူလောက်

သြကာသရွတ်ဆိုတာကို စာနဲ့ရေးတော့လည်း မှားကြသေးတယ်။ တစ်ကြိမ်လို့ မရေးရပါ။ အဲတာတော့ နောက်ထုတ် သတ်ပုံစာအုပ်တွေကအစ မှားနေတယ်။

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး