မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, December 7, 2016

ချင် ခြင် ချဉ်

Daw Win ဆရာရိုသေလေးစွာဖြင့်မေးပါရစေရှင့် ကျမကစားခြင်တယ်လို့ရေးမိတယ် အခြားလူတွေက စားချင်တယ်လို့ ရေးပါတယ်။ ကျမရေးတာမှားနေပါသလားဆရာ။

Moe Thi Dar နောက်ပြီး ချင် နဲ့ ခြင်ကိုလည်းမှားကြတယ်ဆရာ။ စားခြင်လိုက်တာ အဲ့ဒီလိုရေးကြတယ်။ ချင် နဲ့ ခြင်သုံးစွဲပုံကို တင်ပေးလိုက်ပါအုံးဆရာ။

ချင်
• ကချင်ပြည်နယ်
• ချင်ချင်မြည်
• ချင်ခြင်းဖြစ်နေသည်
• ချင်ရွေးပင်
• စားချင်စရာ
• မချင်မရဲ
• မသိစေချင်ပါ
• ဖြစ်ချင်တိုင်း
• လိုချင်စရာ
• လုပ်စေချင်တယ်
• သွားချင်လာချင်
• အိပ်ချင်မူးတူး

ခြင်
• ခွက်ခြင်ရောင်း
• စပါးခြင်
• ဆင်ခြင်တုံတရား
• ခြင်ဆီ
• ခြင်ညှပ်
• ခြင်ပုန်း၊ ခြင်ကောင်၊ ခြင်ကိုက်
• ခြင်ယပ်
• ခြင်ကောင်
• ခြင်ထောင်
• ခြင်္သေ့
• အခြင်ရနယ်
• အိမ်မိုးခြင်တင်
• အကြောအခြင်
• နောင်ဆင်ခြင်ပါ

ချဉ်
• ခါချဉ်ကောင်
• ချဉ်ပေါင်ရွက်
• လက်လုပ်ချဉ်
• သရက်ချဉ်
• သူ့ကိုချဉ်တယ်
• ကျောက်ချဉ်

စကားပုံများ
• ကချင်ရက် လက်ကျိုး
• ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်
• ချည်ပုဆိုးက ပိုးပေါင်းချင်
• ချဉ်ချဉ်တူးတူး မူးပြီးရော
• ငိုချင်ရက် လက်တို့
• ထမင်းကြမ်းက အငွေ့ထွက်ချင်
• မည်းမည်းမြင်ရာ ငါ့ယောက္ခမထန်းတော မလုပ်ချင်နဲ့
• လာချင်ရင်အနီးလေး မလာချင်ရင်ခရီးဝေး
• သေချင်တဲ့ကျား တောပြောင်း

ချစ်ပါရဲ့လား မေးစမ်းချင် - နုနုလှိုင် သီဆို https://www.youtube.com/watch?v=0TEgDNO3xyI
(မူလအဆိုတော် မာမာအေးဆိုတဲ့ လင့် ပျက်နေလို့)

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.