ဘုရားရှေ့မှ ခြင်္သေ့ကြီး

ဘုရားရှေ့မှ၊ လည်ဆံဖွ၍
ခေါင်းကြွ ရင်မောက်၊ အမြီးမြှောက်လျက်
ဟောက်တော့မည့်ပုံ၊ ခုန်တော့မည့်လား
မာန်ဝံ့ကြွားသည်
အုတ်သားခြင်္သေ့ ခန့်ပါပေ့။

တနေ့ခါတွင်၊ သူ့ကျောပြင်ထက်
ကျေးငှက်စွန့်ထား၊ ညောင်စေ့များသည်
အုတ်သားကိုဖေါက်၊ အပင်ပေါက်ခဲ့
ဟိန်းဟောက်မာန်ချီ၊ ခြင်္သေ့သည်ကား
မထီမာန်တက်မြဲပါကို။ (မောင်စွမ်းရည်)

မှတ်ချက်။ တစ်နေ့ခါတွင် မဟုတ်။ အဆိုပါခြင်္သေ့ ကနေ့ထိရှိတယ်။ ခြင်္သေ့သတ်ပုံသမားတွေက ငြင်းလိုကြရင် ဆရာမောင်စွမ်းရည် ရန်ကုန်မှာရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး